ခမ်းသားငေါဝ်း၊
စင်တင်ဘာ ၉၊၂၀၂၄

လက်နက်ကိုင်အဖွဲ့တို့ ဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့အသုံးချမှုမခံရစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် သတိပြုကြရန်လက်နက်ကိုင်များနှင့် သတင်းရရှိမှုပေါ်မူတည်ပြီး တုံ့ပြန့်ဆောင်ရွက်မည့်အကြောင်း စစ်ကောင်စီဥက္ကဌက ခြိမ်းခြောက်ပြော ဆိုထားသည်။

လက်နက်ကိုင် အကြမ်းဖက်သောင်းကြမ်းသူများအနေဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်သည့်မြို့ရွာများ၌ တပ်မတော်၏တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏နေအိမ်အဆောက်အဦးများ၊ အရပ်ဘက်အုပ်ချူပ်မှုဆိုင်ရာအဆောက်အဦးများကိုအသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကိုလူသားတံတိုင်းအဖြစ်အသုံးပြုနိုင်ရေး၊ ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန်ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကိုလုပ်ဆောင်လျက်ရှိကြောင်း စစ်ကောင်စီမှစွပ်စွဲပြောဆိုထားသည်။

“ဘယ်သူမဆိုကိုယ့်အိမ်ကိုပြန်ချင်ကြတာပဲလေ၊ ကိုယ်ရွာကိုပြန်နေတာ သူပုန်အဖြစ်သတ်မှတ်ရောလား၊ စစ်ရှောင်ရတာလွယ်တာမှမဟုတ်တာ၊ မရှိဆင်းရဲသားတွေဆိုပိုဆိုးပေါ့၊ ဘယ်သူကကြာကြာရှောင်နိုင်မှာလဲ၊ စစ်တပ်ကသူတို့ဆုံးရှုံးရတဲ့နယ်မြေကိုမအုပ်ချူပ်ရမဲ့အတူတူဖျက်ဆီးနေတာ” ဟု ပြည်သူတစ်ဦး ကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီမှ မိမိတို့စစ်ရေးရှုံးနိမ့်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှဗျိူင်းဖြူရွာသား ၇၆ ဦးကိုသတ်ဖြတ်ခဲ့ပြီး ၂၄၀ ဦးကျော်ကိုစစ်ကောင်စီက AA နှင့်ဆက်သွယ်သည်ဟုဆိုကာပုဒ်မ ၁၇(၁)ဖြင့်အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းကြောင့် ယခုလိုပြောဆိုခြင်းသည် ပြည်သူများအား ခြမ်းခြောက်နေခြင်းဖြစ်ကြောင်း သိရသည်၊၊

တပ်မတော်အနေဖြင့် နိူင်ငံတော်၏အချူပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သဖြင့် အဆိုပါလက်နက်ကိုင်အကြမ်းဖက်များ၏ သတင်းရရှိမှုနှင့်အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့်မြို့၊ ရွာများရှိပြည်သူများအနေဖြင့် ၎င်းတို့အသုံးချမှုမခံရစေရေးနှင့်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက်သတိပြုကြရန်လိုအပ်ကြောင်း။ ခြိမ်းခြောက်ထားသည်။

ပုံ- အွန်လိုင်း ဗျိုင်းဖြူရွာသားများ အစုလိုက်အပြုံလိုက်အသတ်ခံရသည့်ပုံ
#PPV0012
#လက်နက်ကိုင်အဖွဲ့
#အသုံးချမှုမခံရစေရန်
#ဘေးကင်းလုံခြုံမှုရှိစေရန်
#စစ်ကောင်စီဥက္ကဌ
#ရခိုင်ပြည်နယ်
#စစ်တွေမြို့
#ဗျိူင်းဖြူရွာသား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed