ခမ်းသားငေါဝ်း
စက်တင်ဘာ ၈၊ ၂၀၂၄
ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းမြို့သစ်သို့် ရောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် စားနပ်ရိက္ခာအကူအညီများကို စက်တင်ဘာ လ ၇ ရက်နေ့တွင် သွားရောက်ကူညီ ပေးခဲ့ကြောင်း SSPP/SSA မှယနေ့ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များမှ ဝမ်ဟိုင်းမြို့သစ် SSPP/SSA ဌာနချုပ်သို့ ရောက် ရှိ ခိုလှုံထားကြသည့် စစ်ဘေးရှောင်ပြည်သူ အယောက် (၈၀) ကျော်အတွက် လိုအပ်သည့် စားနပ်ရိက္ခာကူအညီများကို ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်မှ ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ ဆန် ၊ ကုလားပဲ ၊ ဆီနှင့် ကြက်သွန်နီများ သွားရောက်ကူညီ ပေးခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်ထိ ရှမ်းပြည်မြောက်ပိုင်းတစ်ကြောတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျှက်ရှိပြီး အချို့သောမြို့နယ် များတွင်လည်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသေးသည့်အတွက်ကြောင့် ဒေသခံပြည်သူ အများစုသည် နေရပ်မပြန်ရဲသေးသည့် အခြေအနေမျိုး ဖြစ်နေသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အုပ်ချုပ်ရေးနယ်မြေအတွင်းသို့ စစ်ရှောင်ပြည်သူများ ၉၃၀၀ ကျော် ကျန်ရှိနေသေးကြောင်း ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ထိ ရရှိထားသည့် စာ ရင်းအရ သိရသည်။
#PPV0012
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဝမ်ဟိုင်းမြို့သစ်
#SSPP/SSA
#လိုအပ်သည့်စားနပ်ရိက္ခာကူအညီ
#ရှမ်းပြည်တိုးတက်ရေးပါတီ
#ရှမ်းပြည်တပ်မတော်
လက်ရှိအချိန်ထိ ရှမ်းပြည်မြောက်ပိုင်းတစ်ကြောတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျှက်ရှိပြီး အချို့သောမြို့နယ် များတွင်လည်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသေးသည့်အတွက်ကြောင့် ဒေသခံပြည်သူ အများစုသည် နေရပ်မပြန်ရဲသေးသည့် အခြေအနေမျိုး ဖြစ်နေသည်၊၊