ခမ်းသားငေါဝ်း
စက်တင်ဘာ ၈၊၂၀၂၄
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ပြည်နယ်တွင် မေတ္တာရိပ်ကျောင်း အပါအဝင် မြန်မာ စာသင်ကျောင်း ၆ ကျောင်းတွင် မြန်မာနိုင်တော်သီချင်းသီဆိုသည့်အတွက် ဗွီဒီဖိုင်နှင့်အတူ တိုင်းကြားခံရပြီး ပိတ်ပင်ခြင်းခံရကြောင်း သိရသည်၊၊
မြန်မာစာသင်ကျောင်းများသည် တရားမဝင် ဖွင့်လှစ်ထားခြင်းဟုဆိုကာ ထိုင်းပညာရေး ဝန်ကြီးဌာန က ပိတ်သိမ်းလိုက်ပြီး နောက်ထပ် အခုလို ကျောင်းတွေ ရှိမရှိစုံစမ်း စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်၊၊
“သူ့များနိုင်ငံမှာနေရင် သူများဥပဒေကိုလေးစာရတယ် ကျောင်းဖွင့်ခွင့်ပြုပေးတာပဲကျေးဇူးတင်ရမယ် ခုကအခွင့်ရေးတအားယူသလိုဖြစ်သွားတာပေါ့ မြန်မာနိုင်ငံတော်သီချင်းပါဆိုတော့ နဂိုကတည်းကျွန်တော်တို့နိုင်ငံကလူတွေကို တချို့ထိုင်းတွေက ကြည့်မရဘူး တအားနိမ်တာ” ဟု ထိုင်းနိုင်ရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊
မေတ္တာရိပ်ကျောင်းတွင်ဘဲ ကျောင်းသား ၁၂၅၀ ရှိပြီး တရားဝင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်ကျောင်းထိုင်းဘက်ကဆိုထားသည့်အကြောင်း ၄င်းကဆက်ပြောသည်၊၊
အခုတိုင်ကြားမှု ဖြစ်ခဲ့ပြီးနောက် ထိုင်းပညာရေး ဝန်ကြီးနှင့် အမြဲတမ်း ယအတွင်းဝန်က ပြည်နယ်အားလုံးတွင် အလားတူ မြန်မာကျောင်းများအားရှာဖွေရန်သက်ဆိုင်ရာ အာဏာပိုင်များအား အမိန့်ပေးထားကြောင်း သိရသည်၊၊
PPV001
#ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ထိုင်းနိုင်ငံတောင်ပိုင်း
#စူရတ်ဌာနီပြည်နယ်
#မေတ္တာရိပ်ကျောင်း
#မြန်မာစာသင်ကျောင်း
#မြန်မာနိုင်တော်သီချင်းသီဆိုသည့်အတွက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။