The people’s voice- ခမ်းသားငေါဝ်း
Fact check
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၁ နာရီခွဲခန့်တွင် တအောင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင်းကို စစ်ကောင်စီမှဂျက်လေယာဥ် ဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်မူကြောင့် TNLA အကြီးကဲအချို့နှင့် မိသားဝင်များ ထိခိုက်သေဆုံးခဲ့သည်ဟု အာဏာသိမ်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေထားပါသည်။ ထို့သတင်းကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ် တခု ဖြစ်သည့် Snow Queen SQ(2) မှယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရူသူပေါင်း ၄၅၀၀ ကျော် ရှိခဲ့ပြီး Like ပြုလုပ်ထားသူ ၁၃၃ ဦး အထိ ရှိနေပြီး ဖြစ်ပါသည်။

ထိုအကြောင်းအရာကို The People’s Voice – (ခမ်းသားငေါဝ်း) အချက်အလက်စစ်ဆေးသည့် အဖွဲ့မှ စိစစ်သည့် အခါ သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

သတင်းစစ်ဆေးချက်

ထိုသတင်းကို ဒေသခံ မီဒီယာများမှ ထုတ်ပြန်တင်ပြထားသည် အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာတွင် တကယ့်အဖြစ်ပျက် စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားသည့် ပြည်သူများအစား TNLA အရာရှိမိသားစုဝင်များနှင့် အရာရှိအချို သေးဆုံးခဲ့သည့် ပုံစံဖြင့် အချက်အလက်အမှား ပြုလုပ်ဖန်တီးထားသည်ကို တွေ့ရှိခဲ့ပါသည်။

သတင်းအမှန်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းမြောက်ပိုင်း နမ့်ခမ်းမြို့ပေါ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး (၂)လုံးရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ သောကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်အပါဝင်၊ ပရဟိတ မိသားစုဝင်များ စုစုပေါင်း ၁၁ ဦးထိ သေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်းကို Shwe Phee Myay News Agency တို့ကနေ ဖော်ပြထားတာကို အောက်ကလင့်တွင် ဖတ်ရှု့နိုင်ပါသည်။
ဖတ်ရှူ့ရန် လင့်- https://www.facebook.com/share/p/qRN54fsnG2rB8GHb/

အလားတူ ရှမ်းပြည်အခြေစိုက် Shan News တွင်လည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဖော်ပြထားသည့် သတင်းသည် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့မုကြောင့် ကိုယ်ဝန် ဆောင်မိခင် နှင့် ကလေးငယ်များ သေဆုံးကြောင်းကိုသာ ဖော်ပြထားပါသည်၊ ထိုသတင်းကို အောက်က လင့်တွင် ဖတ်ရှု့နိုင်ပါသည်။
ဖတ်ရှူ့ရန် လင့်- https://www.facebook.com/share/p/QrkD3YfbyNjVpQb5/

သတင်းဌါနကြီးတွေ ဖြစ်သည့် BBC Burmese မှာလည်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတာကြောင့် ကိုယ်ဝန်ဆောင်၊ ကလေးအပါအဝင် လူ ၁၁ ယောက် သေဆုံးခဲ့သည်ဟု စက်တင်ဘာလ ၆ ရက်နေ့တွင် ထပ်တူဖော်ပြထားပါသည်။
ဖတ်ရှူ့ရန် လင့် – https://www.facebook.com/share/p/gMzHrxjRABqqb9h6/

PSLF/TNLA News Official Telegram Account ၏ ထုတ်ပြန်ချက်တွင်တွင်လည်း တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားများဦးတည်ကာ လူအများအပြား သေကြေပျက်စီး စေနိုင်သည့် ဖျက်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀)ဗုံး ၂ လုံး အသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။ ယနေ့ စက်တင်ဘာလ (၆)ရက်၊ နံနက်(၁း၃၅) မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုကဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် အမျိုးသား(၅) ဦးနှင့် အမျိုးသမီး(၄) စုစုပေါင်း (၁၁)ဦး သေဆုံးသွားခဲ့ပြီး ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေအိမ် (၆)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။ သေဆုံးသွားသည့် အထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးပါဝင်ပါခဲ့သည့်အကြောင်းကို PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌါနက ဖော်ပြထားပါသည်။
ဖတ်ရှူ့ရန် လင့် – https://t.me/taangtv2023/3561

သုံးသပ်ချက်

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်၊ ပရဟိတ မိသားစုဝင်များနှင့် ကိုယ်ဝန်ဆောင်မိခင်အပါဝင် စုစုပေါင်း ၁၁ ဦးထိ သေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိတဲ့ ဖြစ်စဉ်ကမှန်ပါသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ရေးသားထားတဲ့ TNLA ခေါင်းဆောင်ပိုင်းနှင့် အကြီးကဲမိသားစု ဝင်တွေ သေဆုံးသည်ဆိုသည်မှာ စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုကို ဖုံးကွယ်ရန် လှည့်ဖြားမှားယွင်း သည့် ဝါဒဖြန့်ခြင်းအကြောင်းအရာဖြစ်ပါသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် အရပ်သားသေဆုံးမှုများကို ဖုံးကွယ်ရန်အတွက် PDF, EAO စသဖြင့်ဝါဒဖြန်လိမ်လည်ရေးသားမှုများလည်း အရင်အကြိမ်၌ ရှိခဲ့ပါသည်။
ဖတ်ရှူ့ရန် လင့် – https://www.facebook.com/share/v/xSA4UK6EUJXpiEHM/
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနများက သတင်းများကို ဝင်ရောက်ဖတ်ရှု့ဖို့ အကြံပြုတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါင်း facebook page ၏ မက်ဆေ့ဘောက်သို့ ပေးပိုမေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *