ခမ်းသားငေါဝ်း
စက်တင်ဘာ ၆၊ ၂၀၂၄

“ဝ” ပြည်နယ်၊ မိုင်းပေါက်မြို့တွင် ပြစ်မှုကျူးလွန်သူ၊ပြစ်မှုထဲ ပါဝင်ပတ်သက်သူများကို “ဝ”တပ်ဖွဲ့ UWSA တရားစီရင်ရေး ကော်မတီ၊ပြည်သူ့တရားရုံးမှ ပြည်သူ့ရှေ့မှောက်တွင် စက်တင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်း၌ ပြစ်မှုအလိုက် တရားစီရင်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်မြို့တွင် စက်တင်ဘာလ (၅)ရက်နေ့ နံနက် ၇နာရီဝန်းကျင်က လူစုကြပြီး၊ပြစ်မှု ကျူးလွန်သူများကို မြို့ပတ်ပြကာ၊အများပြည်သူရှေ့မှောက်တွင် တရားစီရင်ချက်ချခဲ့ကြောင်း သိရသည်။

“ဒါက စည်းကမ်းကြီးတယ်ပြောရမလား ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့ မညီဘူးပြောရမလား မသိတော့ပါဘူးဗျာ။ဒါပေမဲ့ ကျန်တဲ့သူက ဒီဟာကို သင်ခန်းစာယူပြီး နောက်ထပ်ဒါမျိုးပြစ်မှု‌ တွေ ထပ်မလုပ်ရင် ကောင်းတာပေါ့”ဟု အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

ပြစ်မှု ကျူးလွန်သူများသည် နိုင်ငံသားများ၏ အခွင့်အရေးနှင့် ဒီမိုကရေစီ ချိုးဖောက်သူများအပါအဝင် တရားမဝင် လက်နက်ကိုင် ရောင်းဝယ် ဖောက်ကားမှု၊ ခိုးမှု၊လုယက်မှု၊ အကြမ်းဖက်မှု ကျူးလွန်သူများဖြစ်ပြီး ထိုထဲတွင် ငယ်ရွယ်သူ အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။

“ဝ”ပြည်တွင် တရားစီရင်ရေး စတင်ကျင်းပပြီးနောက် အစိုးရရှေ့နေ၊ တရားစီရင်ရေး ကော်မတီမှ ရာဇဝတ် တရားခံ အမျိုးအစား(၁၁)မျိုးကို ဥပဒေနှင့်အညီ တရားစွဲဆိုခဲ့ကြကြောင်း UWSAက ထုတ်ပြန်ထားကြောင်း သိရသည်။

photo wa news land

#PPV0011
#ဝ
#တရားစီရင်ရေး
#ပြစ်မှုကျူးလွန်သူ
#အရေးယူ

Leave a Reply

Your email address will not be published. Required fields are marked *