ခမ်းသားငေါဝ်း
စက်တင်ဘာ ၆၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား(၁)ဦး သေဆုံးပြီး အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းစက်တင်ဘာလ(၅) ရက်နေ့တွင်TNLAထုတ်ပြန်ချက်အရသိရသည်။

စက်ဘာလလ(၄)ရက် ည‌ပိုင်း(၉း၃၀)အချိန်တွင် နမ့်လန်မှာအခြေချနေသည့် စစ်ကောင်စီတပ်မှ ပြည်သူများရှိရာသို့ဦးတည်ပြီး တစ်ဖက်သတ် လက်နက် ကြီး ပစ်ခတ်မှုကြောင့် ​ကျောင်းပြိန်းရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိ အသက်(၇၃)နှစ်အရွယ် အမျိုးသားဖြစ်သူ ဦးလုံးစိတ်ဆိုသူ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။

အသက်(၇၂)နှစ်ရှိ ၎င်း၏အမျိုသမီးဖြစ်သူ ဒေါ်နန်းရွက်လူ၏ ခြေထောက်နှစ်ဖက်နှင့် ခန္ဓာကိုယ်တို့တွင် လက်နက်ကြီးစ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၉) နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပြည်သူရှိရာ ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် နားမခေါ်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ကွဲခဲ့ရာ အမျိုးသား (၁)ဦး သေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျောင်းပြိန်းကျေးရွာတွင်လည်း ကိုကျော်မြင့်ဆိုသူ လက်နက်ကြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ စက်တင်ဘာ (၅)ရက်နေ့ထိ စစ်ကောင်စီက အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် က​လေးငယ်အပါအဝင် ဒေသခံ (၂၄)ဦး သေဆုံးခဲ့ရပြီး (၆၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

#PPV0012
#Humanright
#သီပေါ
#လက်နက်ကြီး
#ရှမ်းမြောက်

Leave a Reply

Your email address will not be published. Required fields are marked *