ခမ်းသားငေါဝ်း

စက်တင်ဘာ ၅၊ ၂၀၂၄

တောင်ကြီးမြို့ ကမ္ဘောဇလမ်းမကြီးပေါ်ရှိ VX Tea House ခြံဝန်းတွင်း Night 38 ညစျေးရှိ ဆိုင်ခန်းတချို့ ပြောင်းရွှေ့လာမှုကြောင့် စျေးဆိုင်ဖွင့်သူများနှင့် လာရောက်ဝယ်စားသူများအတွက် ယာဉ်ကြော ရှင်းလင်းပြီး အေးအေးဆေးဆေး သွားရောက်နိုင်ကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ နာမည်ကြီးသည့် Night 38 ညစျေးသည် ကမ္ဘာဇလမ်းမကြီးပေါ်ရှိ VX Tea House & Car Spa ခြံဝန်းတွင်းသို့ ပြောင်းရွှေ့လိုက်ခြင်းကြောင့် အစားအစာရောင်းချများအတွက် အဆင်ပြေလာ၍ လာရောက် ဝယ်ယူစားသုံး သူများအတွက်လည်း ယာဉ်ကြောပိတ်ဆို့ခြင်းမရှိသည့်အပြင် အေးအေးဆေးဆေး သွားလာနေနိုင်ကြောင်းသိရသည်။

“ VX Tea House က အဲ့လို့ ညစျေးတန်းကိုလုပ်ပေးတာအရမ်းကောင်းတယ်။ ဘာလို့ဆို VX Tea House ကိုလည်း လူတွေ ပိုသိလာမယ်၊ စျေးရောင်းသူအတွက်လည်းအဆင်ပြေမယ် ဝယ်စားတဲ့သူအတွက်လည်းအေးအေးဆေးဆေးရှိတယ် ပြီးတော့ လမ်းမကြီးကလည်းကျယ်တော့ ကားထားတဲ့သူအတွက်လည်း ပိုအဆင်ပြေလာတာပေါ့၊ ယာဉ်ကြောပိတ်စရာလည်း မရှိတော့ဘူး”ဟု ဒေသခံကပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ ထ(၁) ကျောင်းတောင်ဘက်ရှိ Night 38 ညစျေးသည် ယာဉ်ကြောပိတ်ဆိုမှုကြောင့် နေရာ​ပြောင်းရွှေ့လိုက်ရချိန် စျေးရောင်း သူများအတွက် အခက်အခဲကြုံ ရ၍ ခုလို့ နေရာတစ်ခုမှာ ပြန်လည်း ဖွင့်လာနိုင်သည့်အတွက် ပြည်သူများ၏ စီးပွါးရေးမှာလည်း အဆင်ပြေလာကြောင်းသိရသည်။

PPV0013
#ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#မ္ဘောဇလမ်းမကြီး
#VX Tea House
#Night 38
#ညစျေး
#စျေးဆိုင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *