ခမ်းသားငေါဝ်း
စက်တင်ဘာ ၅၊ ၂၀၂၄

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း (၁)ထောင်ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်းစက်တင်ဘာလ(၄)ရက်တွင် TNLA ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊မန်အောင်ခရိုင်၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်တွင် ဘုရားမီးပူဇော်ထားစဥ် မေ့လျော့ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်‌သည်၊၊

မီးလောင်စဥ် ၎င်းအိမ်အတွင်းတွင် အဖွားအိုတစ်ဦးသာရှိနေပြီး (နံနက်၉း၀၀)အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ (၁၀း၀၀)အချိန်မှာမီးငြိမ်းသတ်နိုင်ခဲ့သည်။

ထိုမီးလောင်မှုကြောင့် နေအိမ် (၂)လုံးအပါအဝင် ကား ၅ စီး၊ ဆိုင်ကယ် (၃)စီးနှင့် အိမ်တွင်းရှိပစ္စည်းများ မီးလောင်သွားခဲ့ကာ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း(၁)ထောင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။

မီးလောင်နေသည့်နေရာကို PSLF/TNLA မီးသတ်တပ်ဖွဲ့မှ ဦးဆောင်ပြီး နောင်မော်၊ မန်ဝိန်း၊ စွမ်စော်၊ ပန်ခမ်းနှင့် တိန်လုံးကျေးရွာရှိ မီးသတ်ကားများနှင့်အတူ ပူးပေါင်းပြီး မီးငြိမ်းပေးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-အွန်လိုင်း
#PPV0012
#မှုခင်း
#မီးဘေး
#မန်အောင်ခရိုင်
#မူဆယ်မြို့နယ်
#စယ်လန့်ကျေးရွာတွင်
#ဘုရားမီးပူဇော်ထားစဥ်မေ့လျော့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *