ခမ်းသားငေါဝ်း
စက်တင်ဘာ ၅၊ ၂၀၂၄

ဖာမွန်းပန်းခြံနေရာဟောင်းတွင် လားရှိုးမှလာသည့်စစ်ဘေးရှောင်မိဘမဲ့ကလေးများ စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေကြောင်းစက်တင်ဘာလ(၅)ရက်နေ့တွင် စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းပန်းခြံဟောင်းတွင် လားရှိုးမှစစ်ဘေးရှောင်လာသည့် မိဘမဲ့ကလေးဦးရေတိုးလာသဖြင့် စားဝတ်နေရေးအခက်အခဲနှင့်ကြုံတွေ့နေရသည်။

“အဓိကရေရှည်တွက်တော့ အစားအသောက်တွေပေါ့နော်၊ စစ်ရှောင်ဦးရေကလည်း အရင်ကထက်တိုးလာတယ်ဆိုတော့လေ၊ အဲတော့ကျွန်တော်တို့ကနေစရာထပ်တိုးချဲ့ဖို့တွက် ပျဥ်နဲ့သွပ်မိုးသွပ်ကာတွေလည်းလိုအပ်နေတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိဖာမွန်းပန်းခြံတွင် မိဘမဲ့ကလေး(၈၀)နှင့်သာမာန်စစ်ဘေးရှောင်အယောက်(၆၀)ရှိပြီး စုစုပေါင်းစစ်ဘေးရှောင်ဦးရေ(၁၄၀)‌ရှိကြောင်း သိရသည်။

“ကလေးတွေကိုတော့အ.ထ.က ဖာမွန်းကျောင်းနဲ့လွယ်ကောင်းမူလတန်းကျောင်းမှာ ခွဲပြီးအပ်ထားတယ်၊ Kgကနေ ၉ တန်းထိအဆင့်ဆင့်ပေါ့၊ ၉ တန်းကတော့အကြီးဆုံးပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။

ဖာမွန်းပန်းခြံတွင် လားရှိုးမှလာသည့်မိဘမဲ့စစ်ဘေးရှောင်ကလေးများအပြင် လွိုင်ကော်နှင့်အင်းလေးတောင်ဘက်က စစ်ဘေးရှောင်များလည်းရှိနေကြောင်း သိရသည်။

#PPV0012
ဓာတ်ပုံ-CJ
#လူ့အခွင့်အရေး
#တောင်ကြီးမြို့နယ်
#ဖာမွန်းပန်းခြံဟောင်း
#လားရှိုးမှစစ်ဘေးရှောင်
#မိဘမဲ့ကလေးဦးရေတိုးလာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *