ခမ်းသားငေါဝ်း
စက်တင်ဘာ ၅၊ ၂၀၂၄

ပင်လုံမြို့ပေါ်တွင် သူခိုးများသောင်းကျန်းနေပြီး သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူဖမ်းဆီးအရေးယူ ပေးခြင်းမရှိကြောင်း စက်တင်ဘာလ(၅)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ ရပ်ကွက်(၃)တွင် ဘိန်းစားများပေါများနေပြီး နေအိမ်ထဲထိပစ္စည်းများ အခိုးခံရခြင်း မကြာခဏကြုံတွေ့နေရပြီး သက်ဆိုင်ရယအာဖဏာပိုင်များက အရေးယူခြင်းမရှိကြောင်း သိရသည်။

“အဲ့ရပ်ကွက်(၃)တွေဘက် နောင်ဘီလူးတွေဘက်တော့ အဖြစ်များတယ် အဲ့မှာကသူခိုးလည်းပေါတယ် ဘိန်းစားတွေလည်းပေါတယ်၊ တစ်ချို့ဆိုအိမ်ထဲထိ အုတ်တံတိုင်းကိုခေါက်လှေကားနဲ့တက်ပြီး ဖုန်းတွေဆိုင်ကယ်တွေဝင်ခိုးတယ်၊ အဲ့ဘက်သွားလည်ရင် ဆိုင်ကယ်ဆိုနေအိမ်ထဲထိထားရတယ် နေ့ဘက်လည်းစိတ်မချရဘူး” ဟုပင်လုံမြို့ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မြို့ပေါ်ရှိအာဏာပိုင်များသည်လည်း သူခိုးများအားလိုက်လံဖမ်းဆီးခြင်း အရေးယူခြင်းများမပြုလုပ်ပေးသည့်အတွက် ဒေသခံပြည်သူများက မိမိကိုယ်တိုင်ပစ္စည်းများ အခိုးမခံရအောင်လုပ်ဆောင်နေရသည်ဟု ၎င်းကပြောသည်။

“သူတို့ကအရေးယူဖမ်းဆီးပေးဖို့မပြောနဲ့ သိမှာတောင်မဟုတ်ဘူးထင်၊ အိမ်ရှင်တွေကလည်း CCTVပြန်ကြည့် တာကလွဲလို့ဘာမှမတတ်နိုင်ဘူး၊ အခုကခြံစည်းရိုးအုတ်တံတိုင်း ကာထားလည်းမထူးဘူး သူတို့ကအဖွဲ့လိုက် လှေကားတွေနဲ့လိုက်ခိုးတာဆိုတော့လေ တစ်ချို့အိမ်ဆိုလှေကားပါအခိုးခံလိုက်ရသေးတယ်” ဟု၎င်းကဆက်ပြောသည်။

ပင်လုံမြို့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးဆွဲသူများလာပြီး ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ ငွေရှိသူလုပ်ငန်းရှင်များအားဖမ်းပြီး ငွေဖြင့်ပြန်လာရွေးခိုင်းမှု စသဖြင့် မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

#PPV007
ဓာတ်ပုံ-အွန်လိုင်း
#မှုခင်း
#ပင်လုံမြို့
#သူခိုးသောင်းကျန်း
#ခေါက်လှေကား
#မူးယစ်ဆေးဝါး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed