ခမ်းသားငေါဝ်း

စက်တင်ဘာ ၅၊ ၂၀၂၄

အောင်ပန်းတွင် တောင်ကျချောင်းရေစီးဆင်းလာပြီး ရေစီးသန်သောကြောင့် မိခင်နှင့်လသားအရွယ်ရေစီးနှင်တူမျောပါသွားပြီး သေဆုံးသွားကာ ကလေးအလောင်းကို ရှာမတွေ့သေးကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့် ၌ တောင်ယာမှ နေအိမ်သို့အပြန် ထီသိမ်ရွာတောင်ဘက်၊ တောင်ကျချောင်းအားဖြတ်ကူးစဥ် ရုတ်တရက်ရေစီးသန်လာသောကြောင့် မနန်းနှင့် ၆ လသားအရွယ်သမီးမှာ တောင်ကျချောင်းနှင့်အတူ မျောပါသွားပြီး သေဆုံးသွားခဲ့သည်။

”သူက ကလေးကို ကျောပိုးထားတာပေါ့၊ ရေစီးနဲ့နှစ်ယောက်လုံးမျောသွားတယ်၊ ပေ ၁၀၀ ကျော်လောက်မျောသွားတယ်၊ ကလေးတော့ ခုထိပြန်မတွေ့သေးဘူး၊ ပြန်ရှာဖို့လည်းမလွယ်လောက်ဘူး၊ ခုချိန်ဆို သဲတွေနဲ့ ဖုံးသွားလောက်ပြီ၊ မိခင်က တော့ မျက်နှာ နဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်တွေ့တယ်” လို့ နာရေးကူညီမှု အသင်းအောင်ပန်းထံမှသိရသည်။

ယင်းရွာတွင် မိုးရွာသွန်းခြင်းမရှိသော်လည်း၊ အခြားရွာမှ မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းရေရုတ်တရက်ကြီးလာခြင်းဖြစ်ကြောင်း သိရသည်။

” အဲ့ဒါကချောင်းခြောက်လေးပဲ၊ အရင်ကရေမစီးဘူး၊ အဲ့နေရာမှာလည်း မိုးမရွာဘူး၊ တခြားရွာက မိုးရွာတော့ တောင်ကျချောင်းရေက ကြီးလာပြီး ရေစီးသန်လာတာ” လို့ ၎င်း ကဆက်ပြောသည်။

သေဆုံးသူ မနန်း၏ ရုပ်ခန္ဓာအား ရွားသားများ နှင့်အတူ ပူပေါင်း၍ နာရေးကူညီမှုအသင်းအောင်ပန်းမှ အောင်ပန်းဆေးဆုံးရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

PPV 003

ဓာတ်ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#အောင်ပန်း
#ထီသိမ်ရွာတောင်ဘက်
#တောင်ကျရေ
#နာရေးကူညီမှုအသင်းအောင်ပန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *