ခမ်းသားငေါဝ်း

စက်တင်ဘာ ၅၊၂၀၂၄

ခွန်တန်ဇာတ်လိုက်နှင့် တပည့်များက PNO ချမှတ်ထားသည့် မူဝါဒများကို မလိုက်နာသောကြောင့် PNO အဖွဲ့နှင့် မသက်ဆိုင်တော့ကြောင်း PNO ပြည်သူ့စစ်က ယနေ့တွင် ပအိုဝ်းဘာသာစာဖြင့် ထုတ်ပြန်ထားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များကို ခွန်တန်ဇာတ်ကိုယ်တိုင်နှင့် ၄င်း၏တပည့်များ မလိုက်နာဘဲ PNO ၏လမ်းစဉ်များကို လွန်ဆန်သွားသွားကြောင်းနှင့် မသက်ဆိုင်တော့သည့်အကြောင်း ထုတ်ပြန်ချက်တွင်ပြောထားသည်။

“ဒီလိုစာထုတ်တော့လည်းကောင်းပါတယ်။ ခွန်တန်က pno ဘက်မဟုတ်ဘူးဆိုတာလူတိုင်းကိုသိစေတာပေါ့။ အရင်ကတည်းက pno လူကြီးပိုင်းကခွန်တန်ကိုမယုံဘူး။ သူလက်အောက်တချို့တပည့်တွေကခွန်တန်ကိုယုံကြည်ကြတာကို Pno လူကြီးတွေကမကြိုက်တာ။ အလံတရာဘုရားကြီးအသစ်ပြန်တည်တာကိုလည်း PNO တွေက နှောင့်ယှက်သေးတယ်”ဟုညခွန်တန်ကို ယုံကြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အထူးဒေသ ၆ ရှိ PNOထိန်းချုပ်ခွင့်ရနယ် ၄ နယ်ဖြစ်သော စန္ဒာခမ်းနယ် ပင်လောင်း၊ သူရိယခမ်းနယ်ဆီဆိုင်၊ မျင်မိုလ်းခမ်းနယ် ဟိုပုံးတောင်ကြီး လွိုင်လင်နှင့် ဖြားဗွာခမ်း ကျောက်တလုံးနယ် တို့ရှိ ပအိုဝ်းပြည်သူလူထုများ ခွန်တန်ဇာတ်လိုက် ပြုလုပ်မည်အလုပ်ကို လိုက်မလုပ်ရန်၊ခွန်တန်ဇာတ်လိုက်နှင့်လည်း ကင်းကင်းရှင်းရှင်း နေရန်အတွက်လည်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

နောက်ပအိုဝ်းလူငယ်တစ်ဦးကလည်း”ခွန်တန်ကို အစကတည်းကသူတို့ကမယုံဘူး အသုံးချလို့ရတုန်း အသုံးချလိုက်တဲ့သဘော သေတဲ့ပြည်သူ့စစ်က ခွန်တန်ထက် ဟိုပုံးပုံးကိုရင်ကိုယုံကြည်တဲ့သူတွေများတယ် ခုကျအသုံးချလို့ဝပြီ သူတို့ကိုမယုံကြည်တော့ဘူး သုံးစားမရတော့ ထိုးကျွေးတဲ့သဘောပါ”ဟု ပြောသည်၊၊

ယခင်တွင် ပအိုဝ်းဒေသ နယ်မြေလုံခြုံရေးအတွက် စိတ်ဓာတ် စေတနာ အရင်းခံဖြင့် PNO နှင့်ပေါင်းပြီး ပူပေါင်းပြီးခွန်တန်ဇာက်လိုက်နှင့်အဖွဲ့များက တိုက်ပွဲဝင်ခြင်း၊ ပူးပေါင်းကာကွယ်ခြင်းအတွက်လည်း ခွန်တန်ဇာတ်လိုက်ကို ကျေးဇူးတင်သည့် အကြောင်းလည်း ထုတ်ပြန်ချက်တွင် PNO ကပြောထားပြီး လက်ရှိတွင် ချမှတ်ထားသည့် မူဝါဒများအား မလိုက်နာသောကြောင့်ဟုဆိုကာ ပအိုဝ်းပြည်သူများအနေဖြင့် မပတ်သက်ရန် ကင်းကင်းရှင်းရှင်းနေရန် ထုတ်ပြန်ထားကြောင်း သိရသည်၊၊

#PPV005
#လူ့အခွင့်အရေး
#ခွန်တန်ဇာတ်လိုက်နှင့်တပည့်များ
#PNOချမှတ်ထားသည့်
#မူဝါဒများမလိုက်နာသောကြောင့်
#မသက်ဆိုင်တော့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *