ခမ်းသားငေါဝ်း

စက်တင်ဘာ ၄၊ ၂၀၂၄

သပိတ်ကျင်းနှင့်စဥ့်ကူးမြို့နယ်အတွင်း ဆင်ကောင်ရေ(၁၃၈)ကောင်ရှိသည့်ဆင်ဝိုင်း(၂၁)ဝိုင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၂၂၂တပ်ရင်းမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားကြောင်း (PLA)မှစက်တင်ဘာလ(၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့်သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်းများ၏မိသားစုများသည်ဘေးကင်းရာဖြစ်သည့်(PLA)လှုပ်ရှားအုပ်ချူပ်စစ်နယ်မြေအတွင်းရှိ တောတောင်များအတွင်းသို့ဇူလိုင်လ(၁၀)ရက်နေ့မှ စတင်ကာရှောင်တိမ်းလာ၍ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းထားကြောင်း PLA မှဖော်ပြထားသည်။

PLAစစ်နယ်မြေအတွင်းသို့ နဂိုမူလကဆင်ဝိုင်း(၁၀)ဝိုင်းရှိပြီး၊ စဥ့်ကူးမြို့နယ်မှမိုးကုတ်-သပိတ်ကျင်းမြို့နယ်ကြားသို့ ဆင်ဝိုင်း(၁၁)ဝိုင်းထပ်မံပြောင်းရွှေ့လာကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် ဆင်ကောင်ရေစုစုပေါင်း(၁၃၈)ကောင် ပါဝင်သည့်ဆင်ဝိုင်း(၂၁)ဝိုင်းကို ထိန်းသိမ်းကာကွယ်ပေးထားကြောင်း ပြည်သူ့ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် သက်ဆိုင်ရာဌာနများသို့ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်း PLA ကဆိုသည်။

#PPV0012
#Photo – PLA
#တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး
#မန္တလေးတိုင်း
#သပိတ်ကျင်း
#စဥ့်ကူးမြို့နယ်
#သစ်ထုတ်ဆင်များနှင့်ဆင်အုပ်၊ဆင်ထိန်း
#PLAလှုပ်ရှားအုပ်ချူပ်စစ်နယ်မြေ
#ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *