ခမ်းသားငေါဝ်း

စက်တင်ဘာ ၄၊ ၂၀၂၄

ကျေးသီးမြို့နယ်၊ ဝမ်စိမ်းရွာတွင် ရေကြီးမှုကြောင့် တောင်သူများ၏ ပြောင်းခင်းများ ပျက်စီးပြီး ဆုံးရှုံးမှုရှိနေကြောင်း စက်တင်ဘာ(၄)ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းရွာတွင် ယခုနှစ်အတွင်း မိုးကြီးမှုကြောင့် ဒေသခံများစိုက်ပျိုးထားသော ပြောင်းခင်း ဧက (၁၀)ကျော် ပျက်စီးဆုံးရှုံးမှု ရှိနေသည်။

“ဒီနှစ်က ဘယ်လိုဖြစ်တာလဲမသိဘူး၊ ပြောင်းက မရင့်သေးဘူး ရင့်တဲ့ချိန်ဖြစ်ရင်တောင် ရေထဲဒီတိုင်းချိုးလို့ရသေးတယ်။ ရေကြီးတာက မကျသေးဘူး။ စိတ်မကောင်းရုံကလွဲရင် ဘာမှမတတ်နိုင်ဘူး”ဟု ပြောင်းခြံပိုင်ရှင်တစ်ဦးက ပြောသည်။

‌နောက်ထပ်ပြောင်းပိုင်ရှင်တစ်ဦးသည်လည်း “ကျွန်တော်တို့က စိုက်ခင်းဒီနေရာမှာဘဲရှိတာ။ အစကတည်း မိသားစုစားဝတ်နေရေးက အဆင်မပြေပါဘူးဆို အခုကသွားပြီ။ ကုန်ဈေးနှုန်းကလည်း တက်သထက်တက်နေတာနဲ့ စိတ်ဓာတ်ကျနေပြီ”ဟု ပြောသည်။

ဝမ်စိမ်းရွာဒေသခံများသည် တစ်ဖက်တွင်လည်း တိုက်ပွဲအခြေအနေကြောင့် ယခုနှစ်တွင် တောင်ယာမသွားရသည့် ရက်တွေလည်း ယခုထိရှိနေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်သူများ၏ လယ်ယာ၊တောင်ယာ စိုက်ခင်းများပျက်စီးခြင်း၊ မြေပြိုကျမှုများ၊ လမ်းပျက်စီးခြင်းများကြုံတွေ့နေရပြီး ရေဘေးကြောင့် ဒုက္ခရောက်နေသူများစွာရှိကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-Cj
#သဘာဝဘေး
#ကျေးသီးမြို့နယ်
#ဝမ်စိမ်းရွာ
#မိုးကြီးမှုကြောင့်
#ဒေသခံများစိုက်ပျိုးထားသော
#ပြောင်းပျက်စီးဆုံးရှုံးမှုရှိနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *