ခမ်းသားငေါဝ်း

စက်တင်ဘာ ၄၊ ၂၀၂၄

အင်းလေးတောင်ဘက်ခြမ်းတွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ဒေသခံများကို ညအချိန်မတော် ဖမ်းဆီးခြင်း၊ စစ်မှုထမ်းဆောင်သည့်ကိစ္စနှင့်ပက်သက်ပြီး စိုးရိမ်မှုမြင့်တက်နေကြောင်းဩဂုတ်လ ၄ ရက်နေ့ ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရခြင်း၊ နေအိမ်မီးရှို့ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် အင်းလေကန်ဒေသခံများက ညအချိန်မတော် ဖမ်းဆီးခြင်းနှင့် စစ်မှုထမ်းဆောင်ရန် အတင်းကျပ် လုပ်ခိုင်းမည်ကို စိုးရိမ်နေကြသည်။

“စိတ်ပူတာပေါ့ ညဆို ဘယ်အချိန် လာဆွဲမယ်မသိဘူး ပြီးတော့ စစ်မှုထမ်းတဲ့ကိစ္စ ကလည်း အမျိုးမျိုးဖြစ်နေတာ အိမ်ကလူကြီးတွေဆိုလည်း အဝေးတစ်နေရာသွားရင်တောင် မလွတ်ချင်တော့ဘူး ယောက်ကျားလေး သူငယ်ချင်း အုပ်စုလိုက်လည်းမသွားရဲ့တော့ဘူး”ဟု ဒေသခံက ပြောသည်။

ထို့ပြင် ယခုနှစ်တွင်လည်း အင်းလေး ကန်ဖောင်တော်ဦးမြတ်စွာဘုရား ဒေသ စာရီပွဲတော် ပြန်လည်ကျင်းပပြုလုပ်သွားမည် ကိစ္စနှင့် ပက်သက်၍လည်း ဒေသခံများ စိုးရိမ်မှုရှိကြောင်းသိရသည်။

စက်တင်ဘာလ၂ ရက်နေ့က ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ လွယ်လုံကျေးရွာတွင် PDF လက်ခံထားသည်ဟု PNO ပြည်သူ့စစ်ကစွပ်စွဲပြီး ဒေသခံနေအိမ်များကို ရည်ရွယ်ချက်ရှိရှိမီးရှို့ဖျတ်ဆီးခဲ့သည်၊၊

ပြီးခဲ့သည့်ဇူလိူင်လ ၂၁ ရက်နေ့တွင်လည်း ရွာသား ၇ ဦးကို PNO ပြည်သူ့စစ်က ဖမ်းဆီးပြီး တစ်ဦးသည်ညင်းပန်းနိတ်စက်သည့်ဒဏ်နှင့် သေဆုံးသွားခဲ့ခြင်းကြောင့် အင်းလေးဒေသရှိပြည်သူများ စိုးရိမ်မှုများရှိနေကြကြောင်း သိရသည်၊၊

PPV0013
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#လက်နက်ကိုင်ပဋိပက္ခများ
#လွယ်လုံရွာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *