ခမ်းသားငေါဝ်း
စက်တင်ဘာ ၄၊၂၀၂၄

အင်းလေးဒေသတွင် မိုးကြီးမှုကြောင့်ရေမြင့်တက်လာပြီးဘုရားပေါ်ရှိ အရောင်ဆိုင်ခန်းများ ရေလွှမ်းမိုးသဖြင့် ဆိုင်ခန်းများ၊ ရေပေါ်စျေးသည်များ၊ လှေလုပ်ကိုင်သူများ စျေးရောင်းထွက်ရန် ခက်ခဲမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာကြောင်း ဩဂုတ်လ ၄ ရက်နေ့ တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်းပိုင်း၊ ညောင်ရွှေမြို့အင်းလေးဒေသတွင် မိုးသဲထန်စွာရွာသွန်းမှုကြောင့် ဘုရားပေါ်ရှိဆိုင်ခန်းတချို့၌ ရေလွှမ်းမိုးမှုကြောင့် ဆိုင်ခန်းများပိတ်ထားရသလို လှေလုပ်ငန်းလုပ်ကိုင်သူများ၊ ရေပေါ်စျေးသည်များလည်း မိုးရွာချိန် အရောင်းမထွက်နိုင်၊ လှေမထွက်နိုင်သဖြင့် စားဝတ်နေရေး အခက်ခဲရှိနေသည်။

“ ခုတလော မိုးလည်း အရမ်းကြီးတယ်။ ရေလည်းကြီးတော့ အလိုတော်ပေါက်ဘုရားအနောက်ဘက်ခြမ်းက ဆိုင်ခန်းအချို့ဆို ပိတ်ထားလိုက်ရတယ်ကော။ ပြီးတော့ ရေပေါ်စျေးသည်ဆိုလည်း မိုးရွာရင် အရောင်းထွက်လို့ အဆင်မပြေဘူး သူတို့ကတစ််နေ့လုပ်မှာတစ်နေ့စားရတော့ပိုခက်ခဲတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အင်းလေးဒေသရှိ ရေပေါ်အရောင်းသမား များသည် စျေးမရောင်းရသည့်နေ့များတွင် ကျန်သည့်ရက်က ရောင်းရသည့် စျေးဖိုးဖြင့် ချွေးတာပြီး စားဝတ်နေရေးက်ို ဖြေရှင်းရပြီး ခုလက်ရှိ ကုန်စျေးနှုန်းမြှင့်တက်ခြင်းကြောင့် အရောင်းသမားသများ စားဝတ်နေရေးတွင် ပိုမိုခက်ခဲလာကြောင်းကိုလည်း ၎င်းကဆက်ပြောပါသည်။

ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ရေမြင့်တက်ခြင်းကြောင့် ဆိုင်ခန်းများပိတ်ထားရသလို လှေလုပ်ငန်းလုပ်ကိုင်သူများ၊ ရေပေါ်စျေးသည်များ အခက်ခဲရှိနေသလို စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများလည်း သီးနှံစိုက်ခင်းများ ပျက်စီးပြီးအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

PPV0013
ဓာတ်ပုံ-Cj
#သဘာဝဘေး
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့
#အင်းလေးဒေသ
#ရေပေါ်ဈေး
#လှေလုပ်ငန်း
#စိုက်ပျိုးရေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *