ခမ်းသားငေါဝ်း

စက်တင်ဘာ ၄၊ ၂၀၂၄

ဒီမောဆိုတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသောကြောင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

ကရင်နီ(ကယား) ပြည် ဒီမောဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များသည် သြဂုတ်လမှစပြီး လွိုင်ကော်- ဒီမောဆို လမ်းမကြီးတစ်လျောက် စစ်ကြောင်းထိုးလာသောကြောင့် စိုက်ပျိုးထားသည့်စပါးများ မရိတ်သိမ်းနိုင်မည်ကို တောင်သူများ စိုးရိမ်နေသည်။

” စပါးကရိတ်သိမ်းရမယ့် အချိန်ရောက်တော့မှာလေ၊ နောက်လလောက်ဆို ရိတ်လို့ရပြီ၊ အခုစစ်ကြောင်းတွေပြန်ထိုးလာတော့ ဘယ်လိုလုပ်ရမလည်းမသိဘူး၊ တိုက်ပွဲတွေလည်းပြန်စနေပြီ၊ သက်သက်မဲ့မဲ့နေသလိုပဲ၊ ဒီစပါးခင်းလေးပဲ အားထားရတာ၊ ဒါပဲစားဖို့ရှိတာ” လို့ တောင်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဒီမောဆိုမြို့နယ်ထဲကို မကြာခနလက်နက်ကြီးများ ပစ်ခတ်နေကြောင်း၊ ပြည်သူများမှာ ထပ်မံ ပြေးနေရပြီဖြစ်သောကြောင့် စပါးခင်းများမရိတ်သိမ်းနိုင်မှာကိုစိုးရိမ်ကြောင်း ၎င်းကဆက်ပြောသည်။

လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ နှင့် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ ဩဂုတ်လ တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

PPV 003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ကြောင်းထိုး
#မောဆိုမြို့နယ်
#လွိုင်ကော်-
#ဒီမောဆိုလမ်းမကြီးတစ်လျောက်
#စိုက်ပျိုးထားသည့်စပါးများ
#မရိတ်သိမ်းနိုင်မည်ကိုတောင်သူများစိုးရိမ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *