ခမ်းသားငေါဝ်း

စက်တင်ဘာ ၃၊ ၂၀၂၄

PNOပြည်သူ့စစ်က လွယ်လုံရွာ လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်းစက်တင်ဘာ ၃ ရက်နေ့တွင် ရွာသားများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ လွယ်လုံရွာသားများကို PDF လက်ခံထားသည် PNO ပြည်သူ့စစ်ကစွပ်စွဲပြီး စက်တင်ဘာလ၂ ရက်နေ့တွင် ဒေသခံနေအိမ်များကို ရည်ရွယ်ချက်ရှိရှိမီးရှို့ဖျက်ဆီးခဲ့သည်။

“PNOကတမင်မီးရှိူ့တာ။ ခုဆိုကုန်နေပြီလားမသိဘူး ။ မနေ့ကတည်းက မီးခိုး ထွက်တာ အခုထိဘဲ။ စစ်ကောင်စီနဲ့ပေါင်းပြီး အရမ်းယုတ်မာတာဘဲ။”ဟုရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုလွယ်လုံရွာအနီးတစ်ဝိုက်တွင် အင်တာနက်လိုင်း ဖုန်းလိုင်းဖြတ်တောက်ထားသလို လမ်းများလည်း PNO ပြည်သူ့စစ်က ပိတ်ထားသောကြောင့်နေအိမ်ဘယ်နှစ်လုံး မီးလောင်သွားသည်ကို အတိအကျမသိရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိူင်လ၂၁ ရက်နေ့တွင်လည်း ရွာသား ၇ ဦးကို PNO ပြည်သူ့စစ်က ဖမ်းဆီးခဲ့ပြီး ရွာသား ၆ ဦးကို ငွေသိန်း၂၀ ဖြင့် ပြန်ရွေးခဲ့ရပြီး ၁ ဦးသည် စစ်ကြောရေးတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

ရွာသားများကို ဖမ်းဆီးသွားသည့် အချိန်လည်း ရွာသားဆိုင်ကယ်၂၈ စီးကိုပါသိမ်းဆည်းသွားပြီး ၂၂ စီးကိုပြန်ပေးသော်လည်း ကျန်တန်ဖိုးကြီးသည့် ၆ စီးကို ယခုထိ ပြန်မပေးသေးကြောင်း သိရသည်။

လွယ်လုံကျေးရွာသည် ရှမ်းတိုင်းရင်းသားအများဆုံးနေထိုင်ကြပြီး ပအိုဝ်း၊အင်း လူမျိုးလည်းအနည်းငယ်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-Cj

#PPV005
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#လွယ်လုံရွာသားများကို
#PDFလက်ခံဟုစွပ်စွဲ
#နေအိမ်မီးရှို့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *