ခမ်းသားငေါဝ်း
စက်တင်ဘာ ၃၊ ၂၀၂၄

အင်းလေးကန် ရေကြီးမှုကြောင့် အင်းလေးဒေသရှိ နန့်ပန်မြို့နယ် ရပ်ကွက် (၁)တွင် လှေလုပ်ငန်း လုပ်ကိုင်သူများလှေလုပ်ငန်းရှ်ိပစ္စည်းများ၊ လှေများကိုနေရာပြောင်းရွှေ့ရန် အခက်ခဲကြုံနေကြောင်း ဩဂုတ် ၃ ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့ အင်းလေးကန် ဒေသရှိ နန့်ပန်မြို့ ရပ်ကွက် (၁)တွင် အင်းလေးကန် ရေကြီးမှုကြောင့် လှေလုပ်ငန်းလုပ်ကိုင်သူများသည် လှေလုပ်သည့်နေရာနှင့် ပစ္စည်းများနေရာပြောင်းရွှေ့မှု အခက်အခဲကြုံရ၍ လုပ်ငန်းလည်း အချိန်ကြန့်ကြာမှုကြုံနေရကြောင်း သိရသည်။

“ ရေကအရမ်းကြီးတော့ လှေလုပ်တဲ့နေရာဆိုလည်း ရေဝင် လှေက အခြောက်ခံလုပ်မှအဆင်ပြေတော့ တခြားနေရာ ကုန်းရွှေ့ဖို့ကလည်း ခက်တယ် တခြားရပ်ကွက်ကျတော့ကုန်းပိုင်းဆိုတော့ အဆင်ပြေတယ် ကျွန်တော်တို့ ရပ်ကွက်က ကုန်းပိုင်းနည်းတော့ပိုဆိုးတယ် အဲ့တာ ရေကြီးတော့ ပစ္စည်းတွေဟိုရွှေ့သည်ရွှေ့လုပ်ရတာ အဲ့ပစ္စည်းရွှေ့တာနဲ့ ခေါင်းစားတယ် အဲ့တော့ ခုက အလုပ်ကို ရေကူးပြီးလုပ်နေရသလို့ဖြစ်နေပြီး”ဟု ဒေသခံကပြောသည်။

အင်းလေးရေသည် တစ်နေ့ထက်တစ်နေ့ ရေမိုးရွာသွန်းမှုကြောင့်နှင့်မြင့်မားနနှုန်းသည် ဒီရက် တစ်လက်မ တက်ရင် နောက်ရက်ဆို နှစ်လက်မလောက် တက်ကြောင်း ၎င်းကဆက်ပြောသည်။

အင်းလေးဒေသရှိ အခု နှစ် ၂၀၂၄ တွင် ရေတက်နှုန်းအဆမတန် မြင့်မားလာမှုကြောင့် တချို့ ဒေသရှိအိမ်များသည် အိမ်အောက်ဘက်တစ်ခုလုံးမြုပ်၍ အိမ်စျေးဆိုင်မဖွင့်နိုင်ကြောင်း၊ တချို့အိမ်များလည်း နေထိုင်၍ မရကြောင်းနှင့် လှေလုပ်ငန်းလုပ်ကိုင်သူများအတွင်လည်း ခက်ခဲကြုံနေရကြောင်းကို သိရသည်။

PPV0013
ဓာတ်ပုံ-Cj
#သဘာဝဘေး
#ညောင်ရွှေ
#အင်းလေး
#နမ့်ပန်
#ရေကြီးမှု
#လှေလုပ်ငန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *