ခမ်းသားငေါဝ်း

စက်တင်ဘာ ၃၊ ၂၀၂၄

တောင်ကြီးမြို့တွင် လမ်းပြုပြင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်းရှင်းလင်းသည့်အနေဖြင့် ဆိုင်ကယ်ဦးထုပ်မဆောင်းသည့် ယာဉ်များကို ဖမ်းဆီးနေကြောင်းဩဂုတ်လ ၂ ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အေးစေတီကျောင်းတိုက်အကျော် မီးရထားသံလမ်းအောက်တွင် လမ်းပြုပြင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့၍ မော်တော်ပီကယ်များသည် မနက်ပိုင်းအစောပိုင်းလောက်တွင် ယာဉ်ကြော့ ကိုရှင်းလင်းပေးပြီး နေ့လယ်အချိန်တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသည့်ယာဉ်ကို အများအပြားဖမ်းနေသည်။

“ဒီမနက်က အေးစေတီဘုန်းကြီးကျောင်းအောက် ကိတ်မုန့်ဆိုင် အရှေ့ဘက် လမ်းမှာ လမ်းပြင်နေတော့ကားလမ်းပိတ်တာ မော်တော်ပီကပ်တွေက လမ်းရှင်းပေးတယ်။ နေ့လယ်အပြန် မော်တော်ပီကယ်တွေ ဆိုင်ကယ်ဦးထုပ်မဆောင်တဲ့ သူကိုဖမ်းတာ အများကြီးဘဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ မော်တော်ပီကယ်များသည် ပွဲအချိန်အခါ ရောက်ခါနီးဆိုရင် နေရာအများအပြား၌ ဖမ်းဆီးမှုပြုလုပ်တာမျိုးနှင့် ယမနေ့ကဆိုလည်း ဥပုလ်နေဖြစ်သည့်အတွက် ဖမ်းဆီးခြင်းများရှိကြောင်း သိရသည်၊၊

“လူတွေကလည်း မမှတ်ကြဘူး ဦးထုပ်လေး ဆောင်းဖို့တောင်ပျင်းတာမျိုးကြောင့် ဖမ်းတာလည်းမော်တော်ပီကယ်ကို အပစ်ပြောလို့မရဘူး” ဟု ၎င်းကဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ မော်တော်ပီကယ်များသည် သီတင်းကျွတ်မရောက်ခင် ပိုမို ဖမ်းဆီးမှုများပြုလုပ် လျက်ရှိ၍ ပြည်သူ များသည် အပြင်ထွက်တိုင်း မိမိအသက်အန္တရယ်အားကားကာကွယ်ရန်နှင့် အဖမ်းမခံရစေရန်ဆိုင်ကယ်ဦးထုပ်ကို သတိရှိစွာဖြင့် ဆောင်ရန်လိုအပ်ကြောင်း သိရသည်၊၊

PPV003
ဓာတ်ပုံ-Cj
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#မှုခင်း
#အေးစေတီကျောင်းတိုက်
#မော်တော်ပီကယ်
#ဦးထုက်မဆောင်းသည့်သူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *