ခမ်းသားငေါဝ်း
စက်တင်ဘာ ၃၊ ၂၀၂၄

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ကောင်စီတပ် ခလရ(၂၃)တပ်မှ စက်တင်ဘာလ ၁ ရက်နေ့ ည ၅ နာရီခန့်အချိန်တွင် ပြည်သူရှိရာ ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကုံးစုံ(လီဆူ)ရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၄၇)နှစ်ရှိ ကိုကျော်မြင့်ဆိုသူ နောက်ကျော၊ ပခုံး၊ လက်နှင့် မျက်နှာတို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ထို့အတူ ပြီးခဲ့သည့် သြဂုတ်လ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပြည်သူရှိရာသို့ ဦးတည်ကာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သီပေါမြို့နယ် ညောင်ကိုးပင်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး အသက်(၅၂)နှစ်ရှိ ဒေါ်စိန်ပွင့်ဆိုသူ နှလုံးတည့်တည့် လက်နက်ကြီး ထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။

သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ ယခု စက်တင်ဘာ (၂)ရက်နေ့ထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၂၂)ဦး သေဆုံးခဲ့ရပြီး (၆၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

PPV 003
ဓာတ်ပုံ-TNLA
#လူ့အခွင့်အရေး
#သီပေါမြို့
#လက်နက်ကြီးပစ်ခတ်မှုကြောင်း
#ကုံးစုံ
#ညောင်ကိုးပင်ရပ်ကွက်
#ခလရ၂၃

Leave a Reply

Your email address will not be published. Required fields are marked *