ခမ်းသားငေါဝ်း

စက်တင်ဘာ ၂၊ ၂၀၂၄

အင်းလေးဒေသတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရှိရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်လျက်ရှိကြောင်း စက်တင်ဘာလ(၂)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့်ကျေးရွာတွင်းရှိ ချောင်းများလည်းရေတက်နူန်းမြင့်နေပြီး ဖောင်တော်ဦးဘုရားဝင်းအတွင်း ရေများဝင်ရောက်လျက်ရှိနေသည်။

“မိုးလဲညဖက်ရောက်ပြီဆိုရင်ရွာပြီ၊ ရွာဖက်တွေမှာလည်း ရေတွေတက်တယ်၊ တစ်ချိူ့ရက်ကန်းရုံတွေခနနားထားရတယ် ရေဝင်လို့လေ၊ အထည်တွေမခြောက်ဘူးလေ ရေတွေအရမ်းတက်လာတယ်ရော၊ဖောင်တော်ဦးရင်ပြင်အရှေ့ဘက်ထိ ရေရောက်နေပြီခုက”ဟုအင်းလေးဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နောက်ဒေသခံတစ်ဦးကလည်း”အိမ်အောက်ထပ်တွေလဲရေဝင်ကုန်ပြီ၊ စိုက်ခင်းတစ်ချိူ့လည်းရေမြုပ်လို့ပျက်စီးသွားတာတွေလဲရှိတယ်”ဟု၎င်းကပြောသည်။

ဒီနှစ်အတွင်း ဖောင်တော်ဦးဘုရားဒေသစာရီ ကြွချီပူဇော်ခံပွဲကို သီတင်းကျွတ်လဆန်း(၁)ရက်(၃.၁၀.၂၀၂၄)မှ သီတင်းကျွတ်လပြည့်ကျော်(၃)ရက် (၂၀.၁၀.၂၀၂၄)ရက်နေ့အထိ ရှေးအစဥ်အလာတိုင်း အင်းလေးဒေသ(၂၁)ဌာနသို့ အပူဇော်ခံကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

#PPV0012
#Photo -Online orginal
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#မိုးရက်ဆက်ရွာသွန်းမှုကြောင့်

Leave a Reply

Your email address will not be published. Required fields are marked *