ခမ်းသားငေါဝ်း

စက်တင်ဘာ ၂၊ ၂၀၂၄

ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့်ရိက္ခာများရရှိထားကြောင်း စက်တင်ဘာ (၁)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ၊ PDFတပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ (၃၁)ရက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းများ၊ ဆန်အိတ် (၄၀၀) ကျော်နှင့် ရိက္ခာအမြောက်အမြားရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ (၁) ဦး အပါအဝင်(၅)ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း များခဲ့ကြောင်း ဖော်ပြထားသည်။

ကုန်းမြင့်သာယာစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ (၃၁) ရက် နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁၁ နာရီတွင် စခန်းတခုလုံးအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်မေလတွင် ဘောကထာစစ်စခန်းကို ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် စခန်းမှစစ်သားများ ဆုတ်ခွာပြီး ကုန်းမြင့်သာယာရွာစစ်စခန်းတွင် ပြန်တပ်စွဲထားချိန် ပူးပေါင်းတပ်တို့ ထပ်မံ သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

PPV0011
ဓာတ်ပုံ-NUG
#စစ်ပွဲ
#ပဲခူးတိုင်း
#ရွှေကျင်မြို့နယ်
#ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်း
#အမျိုးသားညီညွတ်ရေးအစိုးရ
#တောင်ပိုင်းစစ်ဒေသ
#အမှတ် (၂)စစ်ဒေသခွဲ၊
#PDFတပ်ရင်း (၃၇၀၂)၊
#စစ်ဒေသခွဲဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊

Leave a Reply

Your email address will not be published. Required fields are marked *