ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၊ ၂၀၂၄

လားရှိုးမြို့ရပ်ကွက်(၃)ခုရှိအမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့ကြောင်းစက်တင်ဘာလ(၁)ရက်နေ့တွင်MNDAAထုတ်ပြန်ချက်အရသိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ခံများ၏အသက်မွေးဝမ်းကြောင်းပြန်လည်ထူထောင်ရေးနှင့် ရပ်ကွက်အသီးသီးရှိနေထိုင်သူများ၏အခြေခံဘဝအာမခံချက်ရရှိစေရန်အတွက် အမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့သည်၊၊

ပြီးခဲ့သည့်ရက်ပိုင်းတွင် လားရှိုးမြို့ရှိသက်ဆိုင်ရာရပ်ကွက်တာဝန်ခံအသီးသီးမှ ရပ်ကွက်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်ကြည့်ရှုသည့်လုပ်ငန်းစဥ်အတွင်း မိသားစုအချိူ့ထံ၌အရေးပေါ်အကူအညီများလိုအပ်နေသည်ကိုတွေ့ရှိရကြောင်းသိရသည်။

ထို့ကြောင့်သြဂုတ်လ(၃၁)ရက်နေ့တွင် MNDAA အဖွဲ့က လားရှိုးမြို့၏ရပ်ကွက်၄၊၅၊၆ရှိအလွန်ဒုက္ခရောက်နေသည့် မိသားစု(၁၄၂)စုထံသို့အစားအသောက်နှင့်အခြားကယ်ဆယ်ရေးပစ္စည်းများကို ပထမဆုံးအကြိမ် သွားရောက်ပေးဝေခဲ့ပြီး ရပ်ကွက် ၅ ဘုန်းကြီးကျောင်းရှိ သံဃာတော်(၄၅)ပါးကိုလည်းဆွမ်းဆန်ကပ်လှူခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။

လက်ရှိတွင် အလွန်ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို စိစစ်နေဆဲဖြစ်ပြီး အခြေခံ စားဝတ်နေရေး အာမခံချက် အမှန်တကယ် လိုအပ်နေသူများထံသို့ ရိက္ခာနှင့် ပစ္စည်းများ ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-MNDAA
#PPV0012
#လူ့အခွင့်အရေး
#လူသားခြင်းစာနာထောက်ထားမှု
#MNDAA
#လားရှိုး
#စားနပ်ရိက္ခာ
#ဆန်နှင်ဆီ