ခမ်းသားငေါဝ်း

စက်တင်ဘာ ၁၊ ၂၀၂၄

မိုးသည်းထန်စွာရွာသွန်းပြီး အောင်ပန်းမြို့ မြေနိမ့်ပိုင်းရေကြီးမှုအတွင်း အသက် ၇ နှစ်အရွယ် ဒုတိယတန်း တက်ရောက်သူ မသွန်းစုစုနိုင်က ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ မသွန်းစုစုနိုင် အသက် ၇ နှစ်သည် သြဂုတ်လ ၃၀ ရက်နေ့ညတွင် ကျောင်းကနေအိမ်သို့ပြန်လာစဥ် အိမ်လှေကားပေါ်မှ ခြေချော်ပြီး အိမ်အောက်ရှိရေကြီးမှုအတွင်းပြုတ်ကျပြီး ရေမြောင်းကနေတဆင့် ရွာသစ်ရေကန်တွင်း ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သူတို့အိမ်က မြေနိမ့်ပိုင်းမှာရှိတော့ မိုးရွာတိုင်းရေလာလာစုတယ်။ အဲလိုနဲ့ဘဲ အဲဒီညလည်း ရေကြီးလို့ ခုလို ဖြစ်ပွားတာ။ ကလေးကငယ်ငယ်လေးဆိုတော့ စိတ်လည်းမကောင်းဘူး”ဟု ပါဝင်ကယ်ဆယ်ပေးသူတစ်ဉီးကပြောသည်။

သေဆုံးသွားသော ကလေးငယ်ကို အောင်ပန်းမီးသတ်တပ်ဖွဲ့နှင့် အောင်ပန်းနာရေးကူညီမှုအသင်းများက အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ကူညီ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ယခုနှစ်ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခွင်တွင် မိုးများခြင်းကြောင်း မြေနိပ့်မိုင်းတွင် ရေဝင်ခြင်း၊ လမ်းပြိုခြင်း၊ တောင်ပြိုခြင်း၊ စိုက်ခင်းများပျက်စီးခြင်းတို့ ဖြစ်ပွားပြီး သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ဓာတ်ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း

#PPV005
#မှုခင်း
#အောင်ပန်းမြို့
#ရွာသစ်ရပ်ကွက်
#သဘာဝဘေး
#မိုးသည်းထန်စွာရွာသွန်း

Leave a Reply

Your email address will not be published. Required fields are marked *

You missed