ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၊ ၂၀၂၄

တောင်ကြီးမြို့နယ် နောင်ကားမှ ညောင်ရွှေမြို့နယ်သို့ သွားသည့်လမ်းတွင် PNO ပြည်သူ့စစ်မှစခန်းလာချထားပြီး အနီးအနားရှိရွာများက ထမင်းပို့ပေးနေရကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် ဒေသခံပြောကြားချက်အရသိရသည်။

တောင်ကြီးမြို့နယ် နောင်ကားမှ ညောင်ရွှေမြို့နယ်သို့သွားသည့်လမ်းတွင် PNO ပြည်သူ့စစ်က စခန်းလာချထားပြီး အနီးအနားရှိညောင်ခမ်းရွာ၊ (ဒုံတန်တယ်းခုဲင်း)တဲခဲရွာများကနေစဉ် ထမင်းပို့ပေးနေရပြီး ကုန်ဈေးနုန်းကြီးမားမှုနှင့် ရေရှည်စခန်းချထားပါက ရွာသားများအတွက် အခက်အခဲရှိနိုင်ကြောင်းသိရသည်။

“လူအယောက်သုံးလေးဆယ်အတွက် တစ်ရက်သုံးနပ်ဆိုတော့ ရေရှည်ဆိုရင်အခက်အခဲရှိလာနိုင်တယ် ရွာကလည်းအရမ်းမကြီးဘူးလေ တစ်ရွာမှာအိမ်ခြေ ၁ ရာကျော်လောက်ပဲရှိတာဆိုတော့” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထမင်းပို့သည့်အခါတွင် ဟင်းကောင်းချက်ပို့ရန် အသားဟင်းချက်ပို့ရန် မှာထားခြင်းများလည်းရှိကြောင်း ရွာသားများက အမဲသားဟင်းချက်ပို့သည့်အခါ မစားပဲပြန်ယူခိုင်းခြင်းများရှိကြောင်း ၎င်းကဆက်ပြောသည်။

“အမဲသားချက်ပို့တော့ မစားဘူးပြန်ယူပြန်ခိုင်းတယ် ဘာဖြစ်လို့လဲတော့မသိဘူး” ဟု၎င်းကဆက်ပြောသည်။

ညောင်ခမ်းရွာအနောက်ဘက် လမ်းခွဲတွင် စခန်းချထားထားပြီး ဘယ်ဘက်သည်(တယ်းခုဲင်း)တဲခဲရွာသို့သွားလမ်းဖြစ်ပြီး ညာဘက်သည်ညောင်ရွှေမြို့နယ် လွယ်ခေါ်သို့သွားသည့် လမ်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီလတွင်လည်း (ဒုံတန်တဲးခုဲင်း) တဲခဲကျေးရွာနှင့် လွယ်စင်းရွာကြားရှိ မျင်ပဆီတောင်ပေါ်တွင် ဒရုန်းမောင်းနှင်ခြင်းရှိခဲ့ပြီး ရွာသားများက PNO/PNA တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ရာ လာရောက်စစ်ဆေးခြင်းမရှိဘဲ ရွာရှိမုဆိုးများအား သွားရောက်စစ်ဆေးစေခဲ့ပြီး မည်သည်မှမတွေရှိမှ PNO/PNA တာဝန်ရှိသူများက တောင်ပေါ်သို့ ရှာဖွေမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

PPV001
#ဓာတ်ပုံ-Google
#လူ့အခွင့်အရေး
#တောင်ကြီးမြို့နယ်
#နောင်ကား
#တဲခဲ
#တယ်းခုဲင်း
#ညောင်ခမ်း
#ညောင်ရွှေမြို့နယ်
#လွယ်ခေါ်

Leave a Reply

Your email address will not be published. Required fields are marked *