ခမ်းသားငေါဝ်း

စက်တင်ဘာ ၁၊ ၂၀၂၄

ဆီဆိုင်မြို့နယ် နောင်မွန် အဝင်တွင် နောင်မွန်ပြည်သူ့စစ်ကဂိတ်ဖွင့်ပြီးဖြတ်သန်း သွားလာသမျှကားများအား ငွေကောက်ခံနေကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင် ဟိုပုံးလမ်းမနောင်မွန်အ ဝင်ဟိုတိ(ဟိုတွူး)တွင် PNO ပြည်သူ့စစ်မဟုတ်သည့် နောင်မွန်ပြည်သူ့စစ်က ဒေသခံများထံ လာသမျှကားများအား ဂိတ်ကြေးဟုဆိုကာ ငွေကောက်ခံနေသည်။

“PNO တော့မဟုတ်ဘူး ဗမာတွေပဲ နောင်မွန်မြောက်အထွက်က (ဟိုတွူး) ဟိုတိ ညောင်ပင်အောက် ဟိုပုံးဆီဆိုင်မြို့နယ်အစပ်မှာ” ဟု ဒေသခံက ခမ်းသားငေါဝ်းကိုပြောသည်။

ညဘက်တွင် မစောင့်ကြောင်း လာသမျှကားပေးရကြောင်း လှုံခြုံရေးအတွက်စောင့်ခြင်းမဟုတ်ဘဲ တောင်းစားရန်အတွက် စောင့်တာဖြစ်ကြောင်း ထိုနေရာတွင် PNO ဂိတ်မရှိသော်လည်း ပုန်းအင်းဘက်တွင်ရှိပြီး ဂိတ်ကြေးမပေးရကြောင်း ၎င်းကဆက်ပြောသည်။

“ဘောင်ချာလည်းမရှိ တောင်ကြီးတက်တာအဲ့တစ်ဂိတ်ပဲပေးရတယ်ဗျ” ဟု ၎င်းကပြောသည်။

ကားသေးကို တစ်စီးတစ်ထောင်ပေးရပြီး နေ့တိုင်းသွားသူများလည်း နေ့တိုင်းဂိတ်ကြေးပေးနေရပြီး အသွားပေးထားပါကအပြန်တွင် မပေးရကြောင်း သိရသည်။

PPV001
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#နောင်မွန်
#နောင်မွန်ပြည်သူ့စစ်
#PNO
#ပြည်သူ့စစ်
#ဂိတ်ကြေးကောက်ခံ