ခမ်းသားငေါဝ်း
သြဂုတ် ၃၁၊ ၂၀၂၄

မြေသြဇာများစျေးကြီးသောကြောင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိတောင်သူများ စိုက်ပျိုးရေး အတွက်အခက်အခဲ ဖြစ်နေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကိုယ်သာ ပြုလုပ်ကြပြီး သွင်းအားစုစျေးမြင့်မားလာခြင်းကြောင့်အခက်တွေ့နေကြသည်။

” မြေသြဇာစျေးကအရမ်းတက်တယ်ရော၊ မြေသြဇာဖိုးနဲ့ ပြန်မကာမိမှာစိုးတယ်၊မသုံးပြန်တော့လည်း အပင်မသန်ဘူးလေ၊ ပျက်သွားမှာလေ၊ ဟိုအရင်တည်း နှစ်တိုင်းသုံးပေးတော့ မြေက မြေသြဇာပါမှကိုရတော့တာ၊ အခုဆိုလည်း မြေသြဇာမဝယ်နိုင်လို့ ဧက လျော့ပြီးစိုက်ရတယ်” လို့ တောင်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခင် မြေသြဇာတစ်အိတ်ကို အမျိုးအစားအလိုက် ၇ သောင်း၊ ၈ သောင်းသာကုန်ကျသော်လည်း၊ ယခုတွင် တစ်အိတ်ကို တစ်သိန်းသုံးသောင်းမှ၊ တစ်သိန်းခွဲအထိ ကုန်ကျကြောင်း ၎င်း ကဆက်ပြောသည်။

ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ယခင်ကတည်းက စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်နေကြပြီး ပြောင်း၊ စပါး ကိုအဓိကစိုက်ပျိုးနေကြကြောင်းသိရသည်။

photo Online

#PPV003
#စိုက်ပျိုးရေး
#ဖယ်ခုံအနောက်ခြမ်း
#သွင်းအားစုစျေးကြီး

Leave a Reply

Your email address will not be published. Required fields are marked *