ခမ်းသားငေါဝ်း
သြဂုတ် ၃၁၊ ၂၀၂၄

ညောင်ရွေမြို့နယ်၊ မိုင်းပျိုးဘုန်းကြီးကျောင်းတွင်စစ်ရှောင်များသန့်ရှင်းသည့်ရေရရှိရန် အတွက် အဝီစိရေတွင်းလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် မိုင်းပျိုးဘုန်းကြီးကျောင်းတွင် စစ်ရှောင်များစုဖွဲ့နေထိုင်ပြီး အင်းထဲရှိရေကိုသာ အပြန်ပြန်အဖန်ဖန်အသုံးပြုနေရသည်။

‘ အင်းရေပဲ အကုန်လုံးပေါင်းသုံးကြတော့လေ မသန့်တော့ဘူးပေါ့နော်၊ အိမ်သာကထွက်တာက အင်းထဲနဲ့ ဆက်နေတော့လေ ရောဂါတွေဖြစ်လာမှာကြောက်တယ် ၊ ပြီးတော့ ဒီမှာက လူအများကြီး စုနေကြရတော့လေ ရေကလည်းမသန့်တော့ ဝမ်းပျက်ဝမ်းလျောတွေ ၊ ငှက်ဖျားတွေဖြစ်လာမှာ ကြောက်တယ်၊ တစ်ယောက်ဖြစ်တာနဲ့ အလွယ်တကူ ကူးစက်သွားနိုင်တယ်” ဟုစစ်ရှောင်တစ်ဦးကဆိုသည်။

အိမ်သာမှထွက်သောအညစ်အကြေးသည် အင်းထဲစွန့်ထုတ်ထားသောကြောင့် အသုံးမပြုချင်ကြောင်း၊ အခြားသော ရောဂါများ ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေရကြောင်းသိရသည်။

စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက” ဒီမှာက အင်းထဲကရေပဲ ပေါင်းသုံးနေရတာပေါ့၊ ရေချိုးလည်း အင်းရေ၊ သောက်သုံးဖို့လည်း အင်းရေကိုပဲယူရတာပေါ့နော်၊ အင်းရေကမသန့်တော့လေ အဝီစိရေတွင်းတစ်ခုလောက်လိုနေတယ်” လို့ ခမ်းသားငေါဝ်းကိုပြောသည်။

အင်းလေးဒေသခံများသည် အင်းရေကို တိုက်ရိုက်အသုံးမပြုကြတော့ဘဲ ရေကျချောင်းမှ ရေကိုသာ သွယ်တန်းအသုံး အသုံးပြုနေကြကြောင်းသိရသည်။

”အခုနောက်ပိုင်းတော့ ရေပေါ်ရွာတွေမှာ အင်းရေမသုံးဘူးပေါ့နော်၊ အထက်ဘီလူးချောင်းက စီးလာတဲ့ရေကျချောင်းကို ရေစစ်ကန်လုပ်ကြတယ်၊ ပြီးတော့ ပိုက်နဲ့တစ်ဆင့်အိမ်ထိသွယ်သုံးတယ်၊ အဲ့လိုနဲ့ရေကြည်ရေသန့် ပြန်သုံးကြတယ်၊ သောက်ရေအတွက်တော့ ရေသန့်ကုမ္ပဏီ တွေနဲ့ချိတ်ပြီး ဝယ်ယူသောက်သုံးတယ်” ဟုအင်းထဲနေပြည်သူတစ်ဦးကဆိုသည်။

အဆိုပါမိုင်းပျိုးဘုန်းကြီးကျောင်းတွင် သန့်ရှင်းသောရေ မလုံလောက်သောကြောင့် အင်းရေကိုသာအသုံးပြုနေရကြောင်း၎င်းကဆက်ပြောသည်။

ညောင်ရွှေ မြို့နယ်တွင် စစ်ရှောင်စခန်း ၁၀၀ ကျော်ရှိပြီး မိုင်းပျိုးဘုန်းကြီးကျောင်းတွင် လူဦးရေ ၄၀၀ ကျော်ရှိနေကာ စစ်ဘေးရှောင်အများစုမှာ ကရင်နီပြည်နယ် ဘက်က ဖြစ်ကြောင်းသိရသည်။

#PPV 003
#မိုင်းပျိုး
#စစ်ရှောင်
#ကျန်းမာရေး
#သန့်ရှင်းရေ

Leave a Reply

Your email address will not be published. Required fields are marked *

You missed