Month: September 2024

ကလောတွင်ရေပြန်ကျပြီးနောက် ရေကြောင့်နေအိမ် ၆၀၀ ကျော်ပျက်စီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၅၊ ၂၀၂၄ တောင်ကျရေကြောင့်ရေနှပ်မြုပ်ခဲ့သည့် ကလောမြို့တွင် နေအိမ် ၆၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းဒေသခံများထံ သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောမြို့ တွင်း နေအိမ် အဆောက်အဦးများ နှစ်မြှုပ်ခဲ့ရပြီး စာရင်းကောက်သူများ ပြောပြချက်အရ နေအိမ်ပြိုကျပျက်စီးမှု ၂၅၀ ကျော် နှင့် ပျက်စီးအိမ်ပေါင်း ၆၇၀ ကျော် ရှိကြောင်း သိရသည်။ တောင်ကျရေနှစ်မြှုမှုကြောင့် လူ ၆၀…

ဆီဆိုင်မြို့နယ် ပုန်းအင်းဒေသတွင် နေအိမ်များရေနှစ်မြုပ်နေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ရေသန့် အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၅၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ပုန်းအင်းဒေသတွင် မိုးအဆက်မပြက်ရွာသွန်းခြင်းကြောင့် နေအိမ်များရေနှစ်မြုပ်နေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ရေသန့် အရေးပေါ်လိုအပ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်မြို့ ပုန်းအင်းဒေသတွင် မိုးအဆက်မပြက်ရွာသွန်းပြီး နေအိမ်များရေနစ်မြုပ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ရေသန့် အရေးပေါ်လိုအပ်နေသည်။ “အခုလောလောဆယ်အခက်အခဲကတော့ အဲ့ဒီစားနပ်ရိက္ခာ၊ ရေသန့်တို့၊ ဆေးဝါးတို့ပေါ့ အာ့လိုအခက်အခဲရှိတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ပုန်းအင်း၏…

ဆီဆိုင်၊ ဟိုပုံး၊တောင်ကြီးမြို့နယ်အစပ် ပုံးအင်းဒေသ နေအိမ်များရေနှစ်မြှုပ်ပြီး အကူညီများလိုအပ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပုံးအင်းဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်နှစ်မြှုပ်ကာ အကူညီများလိုအပ်နေကြောင်းသိရသည်။ ၎င်းဒေသတွင် ဆန်စပါးအများဆုံးထွက်သည့်ဒေသဖြစ်သော်လည်း ရေနှစ်မြှုပ်မှုကြောင့် အငတ်ဘေးပါကြုံတွေ့နေရကြောင်းသိရသည်။ “ဆန် စပါးများစွာ ထွက်ရှိရာဒေသတစ်ခုဖြစ်ပေ မယ့် ယခုအခါမှာတော့ စားစရာ ဆန် ထမင်းတောင် မရှိတော့တဲ့ဘဝရောက်ရှိလို့ နေကြပါပြီ”ဟု ဆရာတော်အရှင် Ven Kovida ၏လူမှုကွန်ယက်စာမျက်နာအကောင့် တွင်ရေးသားထားသည်။ ပုံးအင်းဒေသတွင် ဆီဆိုင်၊…

အင်တောမြို့အနီးတွင် တခြားဒေသမှတောင်ယာလာစိုက်သူများ SSP/SSA ထံတစ်လ ၄ ထောင်ကျပ်ပေးဆောင်ရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၅၊ ၂၀၂၄ ရပ်စောက်မြို့နယ် အင်တောမြို့အနီးတွင် တခြားဒေသမှတောင်ယာလာစိုက်ပျိုးလိုပါက SSPP/SSA ထံတွင် ထောက်ခံချက်လက်မှတ်စာရွက် လုပ်ဆောင်ရပြီး တစ်လ ၄ ထောင်ကျပ်ပေးဆောင်ရကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောအနီးတဝိုက်တွင် တခြားဒေသမှတောင်ယာစိုက်ပျိုးလိုပါက SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီထံတွင် လူတစ်ဦးလျှင် ထောက်ခံချက်လက်မှတ်စာရွက်ကို ၁၅ ရက်တစ်ကြိမ်လုပ်ဆောင်ရပြီး တစ်ကြိမ် ၂ ထောင် တစ်လ…

ပဆျားကြို လုံးဒါလမ်း တောင်ကျရေကြောင့် မြေပြိုပျက်စီး ခုထိရွာသားများအပြင်ထွက်လာ၍မရသေး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၅၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး-ဆီဆိုင်နယ်စပ် ပဆျားကြို လုံးဒါ ဘက်တွင် စက်တင်ဘာ ၁၁ ရက်က မိုးကြီး ရေကြီးမှုကြောင့်မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ လမ်းပေါ်မြေပြိုခြင်း၊ တောင်ကျရေတိုက်စားခြင်းကြောင့် စက်ယန္တရားဖြင့်မလုပ်ဆောင်ပါက ဒေသခံသွားလာမုခက်ခဲ့နေကြောင်းဒေသခံကပြောသည်။ “အဓိကကတော့ လုံးတာဖက်ကတက်လာရတဲ့ လမ်းက မြေပိတာမျိုး လမ်းကိုရေတိုက်စားကုန်တာမျိုးဖြစ်တာဗျာ ၊နောင်စုံဖက်ကိုသွားတဲ့လမ်းလည်းပျက်တယ် အခုက စားနပ်ရိက္ခာသယ်ယူဖို့ခက်ပြီးဒေသခံတွေငတ်ကုန်ကြမယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။…

သူခိုးဟုစွပ်စွဲခံရသည့်အမျိုးသားတစ်ဦး ဒေါက်လုံရွာလူငယ်အဖွဲ့က ဝိုင်းရိုက်၍သေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု ဒေါက်လုံကျေးရွာတွင်နေထိုင်သည့်လူငယ်လေးဦးက အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းချုပ်နှောင်ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း စက်တင် ဘာလ (၁၄)ရက်က PSLF/TNLAထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု ဒေါက်လုံကျေးရွာတွင်ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်နေ့ညက ကိစ္စတစ်ခုနှင့်သွားရောက်ခဲ့သော အမျိုးသားတစ်ဦးကို သူခိုးဟုစွပ်စွဲခံရပြီး ရိုက်နက်ခံရခြင်းကြောင့်နေရာတွင်ပင်သေဆုံးသွားသည်။ သေဆုံးသွားသည့် ထိုအမျိုးသားသည်…

ရေဂနိုင်တောရဘုန်းကြီးကျောင်း၌ မြေကွဲအပ်နေပြီး ကျောင်းပြိုမည်ကိုစိုးရိမ်နေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ပင်းတယမြို့နယ်၊ ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်း၌ မြေကွဲအပ်နေပြီး ကျောင်းပြိုမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်းတွင် စက်တင်ဘာ ၁၁ ရက်စတင်ပြီး မြေကြီးစတင်အွဲအက်လာပြီး စက်တင်ဘာ ၁၃ ရက်တွင် ပင်မကျောင်းကြီးခြေရင်းထိ ကွဲအက်လာသည်၊၊ “မနေ့ကနေ့က ပင်မကျောင်းကြီး လှေကာခြေထိအပြင် ခဏ္ဍသိမ် အုတ်တံတိုင်းခြေရင်းထိ…

နောင်ချိုတွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံး ၁၃ လုံးကြဲချတိုက်ခိုက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲအထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(PSFL/TNLA)က သတင်းထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံး ၁၃ လုံး ကြဲချတိုက်ခိုက်သဖြင့် နောင်ချိုရဲစခန်းဝန်းနှင့် လူနေရပ်ကွက်များအတွင်း ဗုံးများကျရောက်ပေါက်ကွဲပြီး အဆောက်အဦးများ ထိခိုက်ခဲ့ကြောင်း…

ပင်လောင်းတွင် ဒုတိယအကြိမ် ရေကြီးသဖြင့် ဒေသခံများ ရေဘေးထပ်ရှောင်ရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများသည် ယခု ဒုတိယအကြိမ်ရေကြီးပြီး ဒေသခံများ ရေဘေးထပ်ရှောင်နေရကြောင်းသိရသည်။ သြဂုတ်လပထမပတ်တွင် ပထမအကြိမ် ရေကြီးပြီး ရေဘေးရှောင်ရကာ ယခုစက်တင်ဘာလတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုတိယအကြိမ်ရေကြီးခြင်းကြောင်း ဒေသခံများ ပြန်လည် ရေဘေးရှောင်နေရကြောင်းသိရသည်။ “တောင်ကျရေ ဝင်လာတာများတယ်။ မြို့ပေါ်ဆိုမြေနိမ့်ပိုင်းဖြစ်တဲ့ အနောက်ရပ်၊ ဘုရားကြီးအနီးမြေနိမ့်ပိုင်းတစ်ဝိုက်အကုန်မြုပ်တယ်။ အများစု တောင်ပေါ်ဘုန်းကြီးကျောင်း…