Month: August 2024

အင်အားတစ်သောင်းဖြင့် PNO/PNA ပြည်သူ့စစ် စစ်သင်တန်းဆင်းပွဲပြုလုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ အင်အားတစ်သောင်းဖြင့်PNO /PNA ပြည်သူ့စစ် စစ်သင်တန်း ဆင်းပွဲကို သြဂုတ်လ၂၁ ရက်နေ့တွင် ပင်လောင်းမြို့နောင်တရားဒေသ၌ ပြုလုပ်‌ခဲ့ကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ဒေသခံပြည်သူများက မိမိတို့ဒေသကာကွယ်ရေးနှင့်…

တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီက အသွင်ယူဖမ်းဆီးမှုပြုနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီအသွင်ယူဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်တောင်ပိုင်း ရှိတောင်ကြီး-အေးသာယာ-ညောင်ရွှေ လမ်းမကြီးတစ်လျှောက်တွင်ရှိသည့် လမ်းဘေးတွင် ခုံချပြီးပုလင်းများဖြင့်ဆီမှောင်ခိုရောင်းချနေသူများအား စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးမှုပြုလုပ်နေသည်။ “တစ်ချိူ့ကတော့ဆီပန့်တွေမှာ တန်းစီတိုးပြီးရလာသလောက်ကို အပြင်မှာဈေးတင်ပြီးပြန်ရောင်းကြတယ်လေ၊…

တောင်ကြီးမြို့ပေါ်တွင် ဆိုင်ကယ်ဦးထုတ်မဆောင်းသူများနှင့် တစ်လမ်းသွားလမ်းမောင်းသည့်သူများကို မော်တော်ပီကယ် ဖမ်းနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ တောင်ကြီးမြို့ပေါ် တွင် ဆိုင်ကယ်ဦးထုတ် မဆောင်းသူများနှင့် တစ်လမ်းသွားလမ်းကို ပြောင်းပြန်မောင်းသည့် သူများအား မော်တော်ပီကယ်က ဖမ်းနေကြောင်း ဩဂုတ်လ ၂၁ ရက်တွင်ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ…

ဒီမောဆိုဘက်ခြမ်းတွင် စိုက်ပျိုးရေးကို အနည်းငယ်သာလုပ်ကိုင်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ မတည်ငြိမ်သောအခြေအနေများကြောင့် ဒီမောဆိုဘက်ခြမ်းတွင် စိုက်ပျိုးရေးကိုအနည်းငယ်သာလုပ်ကိုင်နေရကြောင်း ဒေသံခံတောင်သူတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ ဒီမောဆိုဘက်ခြမ်းတွင် အချိန်မရွေးတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ခြင်း နှင့် လေကြောင်းရန်များကြောင့် တောင်သူများ စိုက်ပျိုးရေးကို အနည်းငယ်သာ လုပ်ကိုင်နေရသည်။ ”အခြေအနေက ခန့်မှန်းလို့မရဘူးလေ၊…

တိုက်ပွဲဝင်လိုသည့် လူငယ်အမျိုးသား/အမျိုးသမီးတွေကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုနေကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF သည် တိုက်ပွဲဝင်လိုသည့် လူငယ် အမျိုးသား/အမျိုးသမီးတွေကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုနေကြောင်း ဩဂုတ်လ(၂၀)ရက်တွင် ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တောင်ပိုင်းစစ်ဒေသ၏…

ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ််စီးနှင်းလာသူ လင်မယားဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ အောင်ပန်းတွင် ထော်လာဂျီနှင့်ဆိုင်ကယ် မတော်တဆ တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးနှင်းလာသူ လင်မယား ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်းပန်းထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း -ပင်းတယသွားရာလမ်းရှိ ရွှေဘိုသူ စက်သုံးဆီအရောင်းဆိုင်အကျော်တွင် သြဂုတ်လ ၁၉…

စစ်ကောင်စီကြောင့် အရပ်သား(၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားဟု TNLA ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား(၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသြဂုတ်လ(၂၀)ရက်တွင် TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-၂၃ အနီးရှိ နားမုံရပ်ကွက်တွင် စစ်ကောင်စီတပ်မှ…

ဟိုပုံးမြို့နယ် ဆော့တော့ရွာအရှေ့ဘက်တွင် ဝစစ်သားများလမ်းပိတ်ထားခြင်းကြောင့် ဒေသခံများ သွားလာ‌ရေးအခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ ဟိုပုံးမြို့နယ် ဆော့တော့ရွာအရှေ့ဘက်တွင် ဝစစ်သားများလမ်းပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် သွားလာ‌ရေးအခက်အခဲများဖြစ်နေရသည်ဟု ဩဂုတ်လ(၂၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတိုက်နယ်ရှိ ဆော့တော့ရွာအရှေ့ဘက်ခြမ်းတွင် ဩဂုတ်လ(၁၉)ရက်နေ့မှစကာ ဝစစ်သားများကလမ်းပိတ်ထားလိုက်ခြင်းကြောင့် ဒေသခံများက သွားလာရေးအတွက်နှင့် စိုက်ပျိုးရေးအတွက်အခက်အခဲဖြစ်နေရသည်။…

လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရသတ်မှတ်ခြင်း လုံး၀မပြုလုပ်ကြောင်း MNDAA မှပြည်သူများကို တွေ့ဆုံရှင်းလင်း

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ လားရှိုးမြို့တွင် လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရ သတ်မှတ်ခြင်း လုံး၀မပြုလုပ်ကြောင်း MNDAA မှ တာဝန်ရှိသူများက မြို့ခံပြည်သူများကို တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်ဩဂုတ်လ ၁၈ ရက်နေ့…

ပင်လောင်းတွင် စက်သုံးဆီအပြင် စားသုံးဆီဈေးမြှင့်တက်မှုကြောင့် ပြည်သူများအခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ ပင်လောင်းဒေသတွင် စက်သုံးဆီအပြင်စားသုံးဆီ စျေးမြှင့်တက်လာမှုကြောင့် ဒေသခံပြည်သူများအခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသတွင် စားသုံဆီ တပိဿာလျှင် နှစ်သောင်းနှင့်အထက်ရှိနေပြီး စက်သုံးဆီ တစ်လီတာလျှင် ၄၇၀၀ ကျပ်နှင့်အထက်စျေးရှိနေသည့်အတွက် ဒေသခံပြည်သူများ…