Month: August 2024

ပြည်သူ့စစ်သင်တန်းမတက် နိုင်သည့်ပြည်ပရောက်လူငယ်များကို PNO ပြည်သူ့စစ်က တစ်ဦး ငွေသုံးသိန်းကောက်ခံ

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ တောင်ကြီးမြို့နယ်တောင်ဘက်ရှိ ကျေးရွာအုပ်စုအချိူ့တွင်ပြည်သူ့စစ်သင်တန်းမတက်ရောက်နိုင်သည့်နိုင်ငံခြားရောက်‌သူများကို တစ်ယောက်သုံးသိန်းနူန်းဖြင့်PNO ပြည်သူ့စစ်ကကောက်ခံနေကြောင်းဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်ထီဖောင်းကျေးရွာအုပ်စုတွင် PNOပြည်သူ့စစ်က ဆယ်ရက်တစ်ကြိမ်တပ်သားသစ်များစုဆောင်းနေပြီးသင်တန်းမတက်ရောက်နိုင်သည့်နိုင်ငံခြားရောက်နေသူများကိုငွေကြေး ကောက်ယူနေကြောင်းသိရသည်။ “ရွာမှာရှိတဲ့သူတွေကပိုက်ဆံထည့်လို့မရဘူး၊နိုင်ငံခြားရောက်နေတဲ့သူတွေပဲထည့်ရတာ၊တစ်ရွာကိုတစ်ယောက်၊ ရွာကြီးရင်တော့နှစ်ယောက်ဝင်ရတယ်၊ တစ်သုတ်ပြီးတစ်သုတ်မဲနိုက်စနစ်နဲ့သွားကြရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ စစ်သင်တန်း(၁၀)ရက်တက်ပြီးသည့်သူများကိုလုံခြုံရေးကင်းစောင့်ရန်အဖြစ်အခြားရွာသို့(၃)ရက်သွားစောင့်ပေးရကြောင်းသိရသည်။ စစ်မှုထမ်းဥပဒေကြောင့်ပြည်ပသို့လူငယ်အများအပြားထွက်ပြေးတိမ်းရှောင်ပြီးနောက်ပိုင်းစစ်ကောင်စီကစစ်မှုထမ်းအကျူံးဝင်လူငယ်များကိုပြည်ပထွက်ခွင့်ကန့်သတ်ထားကြောင်းသိရသည်။ ပအိုဝ်းဒေသ တွင် စစ်ကောင်စီ…

နမ်းပန်တွင် စစ်မှုထမ်းအတွက် ညအချိန်မတော်လိုက်ဖမ်းမည်သတင်းကြောင့် လူငယ်များထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ ညောင်ရွှေမြို့ နယ် နန့်ပန်ဒေသရှိ ရပ်ကွက် တချို့တွင် စစ်မှုထမ်းဆောင်ရန်အတွက် ညအချိန် ဝင်ရောက်ဖမ်းဆီးမည်ဆိုသည့် သတင်းကြောင့် ရွာထဲရှိ ယောက်ကျားများ တိမ်းရှောင်နေရကြောင်းဩဂုတ်လ ၂၃ ရက်က ဒေသခံထံ သိရသည်။…

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် စိုးရိမ်သောကြောင့် စာသင်ကျောင်းများမကြာခဏ ပိတ်ထားရ

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်သောကြောင့် စာသင်ကျောင်းများမကြာခဏ ပိတ်ထားရကြောင်း CDM ကျောင်းဆရာမတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စာသင် ကျောင်းများ နှင့်…

စစ်ဘေးရှောင်ကလေး ၃ ဦးအား PNLA မှခေါ်ယူထိန်းသိမ်းထားပြီး လာခေါ်ပေးသူကို ကလေးမိဘကတစ်ဦးဆယ်သိန်းပေရဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ ဆီဆိုင်တွင် ဒုတိယအကြိမ်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ကြစဉ် အသက် ၁၅ နှစ်အရွယ် ကလေးသုံးဦးသည် မိသားစုဝင်နှင့်အဆက်သွယ်ပြတ်ပြီး PNLA တပ်ကထိန်းသိမ်းပေးခဲ့ပြီး မိဘကိုပြန်အပ်ရာ သွားရောက်ခေါ်ပေးသည့် အိမ်နီးချင်းက တစ်ဦးဆယ်သိန်းမိဘထံတောင်းခံသည်ဟု အုပ်ထိန်းသူထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း…

တအာင်းသူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ် စတင်ဖွင့်လှစ်မည်ဟုဆို

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ တအာင်းသူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ် ကို PSLF/TNLA ကျန်းမာရေးငှာန နှင့် Medical Family Mandalay( MFM )တို့ပူးပေါင်းပြီး သံလွင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၂…

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုထပ်ဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုထပ်မံဖြစ်ပေါ်နေကြောင်း သြဂုတ်လ(၂၂)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေထပ်မံမြင့်တက်လာပြီး ရပ်ကွက်အချိူ့ရှိလူနေအိမ်များနှင့် လမ်းများပေါ်၌ရေများဝင်ရောက်လျက်ရှိပြီး သွားလာရခက်ခဲသည့်အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ “ရေပြန်ကျတာမှမကြာသေးဘူး…

တခြားကုန်ဈေးနုန်းမြှင့်တက်သော်လည်း သနပ်ဖက်ဈေးကျဆင်းသည့်အတွက် တောင်သူများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာသော်လည်း သနပ်ဖက်ဈေးကျဆင်းသည့်အတွက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရပြီး အခက်အခဲများဖြစ်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ ဩဂုတ်လ(၂၂)နေ့တွင် သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်းမှထွက်ရှိသည် သနပ်ဖက်ဈေးသည် ပြီးခဲ့သည့် ဇွန်လ၌အကြီးတစ်ပိဿာ ၁ သောင်း ၅ ထောင်ကျပ် အငယ်တစ်ပိဿာ…

ရှမ်မြောက်သို့သွားမည့် နို့စို့ကလေးအရွယ်ကလေးအပါဝင် ၁၆၀ ကျော်အားမြေမဲဂိတ်တွင် PNO ဖမ်းဆီးမိပြီး စစ်ကောင်စီသို့အပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းဘက်မှ ရှမ်းမြောက်သို့သွားမည့် နို့စို့ကလေးငယ်အပါအဝင် ၁၆၀ ဦးကျော်အား မြေမဲစစ်ဆေးရေးဂိတ်တွင် PNO ပြည်သူ့စစ်ကဖမ်းဆီးပြီး စစ်ကောင်စီထံသို့ လွဲပြောင်းပေးခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် မြေမဲဂိတ်တွင် ဩဂုတ် ၂၀…

အောင်ပန်းတွင် တောင်ကြီးကိုတက်လာသည့် ဆီဘောက်ဆာယာဥ်တိမ်းမှောက်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ အောင်ပန်းတွင် တောင်ကြီးခွဲတန်းအတွက် ဆီလာပို့သည့် ဆီဘောက်ဆာယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်းပန်း-ကလော လမ်းခွဲ လပ်ကီးဆဲဗင်း စက်သုံးဆီဆိုင် အနီး၌ သြဂုတ်လ ၂၁ ရက်နေ့ နေ့လည်…

နောင်ချိုမြို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းလာခြင်းကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ နောင်ချိုမြို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းလာသည့်အတွက်ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း PSLF/TNlAက သြဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်…