Month: August 2024

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၆၊ ၂၀၂၄ ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သြဂုတ်လ ၅ ရက်နေ့၌ စစ်ကောင်စီမှ လေကြောင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှ် ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်၏…

လွယ်ဆောင်ရွာထဲနှင့် လွယ်ထွယ်ရွာအနီးတွင်တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

ခမ်းသားငေါဝ်း ဩဂုတ် ၆၊၂၀၂၄ လွယ်သောဝ်ရွာထဲနှင့်လွယ်ထွယ်ရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သြဂုတ်က ၆ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စု လွယ်ဆောင်ကျေးရွာထဲတွင် ယနေ့မနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီ၊…

တောင်ကြီးတွင် အချိန်ကြာမြှင့်စွာတန်းစီကာ စောင့်ဆိုင်းပြီး ဆီဖြည့်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၆ ၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာတန်းစီကာ စောင့်ဆိုင်ပြီး ဆီဖြည့်နေရကြောင်း ဩဂုတ်လ ၅ ရက်နေ့၌ တောင်ကြီးမြို့ပေါ် ဒေသခံထံကသိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့ ပေါ်တွ ယခုရက်ပိုင်း…

စစ်ဘေးရှောင်သည့် သက်ကြီးပိုင်းအမျိုးသမီး အအေးပတ်ပြီး သေဆုံးသူ ၄ ဦးထိရှိလာ

ခမ်းသားငေါဝ်း ဩဂုတ် ၅၊ ၂၀၂၄ ပင်လောင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများအနက်သက်ကြီးပိုင်းအမျိူးသမီးများ အအေးပတ်၍သေဆုံးမှု ၄ ဦးထိရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် ယခုနှစ်မိုးရာသီ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ရာသီဥတုအေးခြင်းကြောင့် သုံးရက်အတွင်း အအေးပက်၍သေဆုံးသူ ၄…

ဉဆောင်၊ တောင်ထီဗွာရွာမှ ပင်လောင်းမြို့ သွားသည့် လမ်းပေါ် မြေပြိုနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေ

ခမ်းသားငေါဝ်း ဩဂုတ် ၅ ၊ ၂၀၂၄ ဉဆောင်၊ တောင်ထီဗွာကျေးရွာမှ ပင်လောင်းမြို့ သွားသည့် လမ်းပေါ် တွင် မြေပြိုမှုဖြစ်ပွားနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သြဂုတ်လ ၃ ရက်နေ့၌ တောင်ထီဗွာ၊…

PNLA ဌာနချုပ်ကို စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဆီဆိုင်ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ပြီး ထပ်မံထွက်ပြေးကြ

ခမ်းသားငေါဝ်း ဩဂုတ် ၄ ၊ ၂၀၂၄ PNLA ဌာနချုပ်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဆီဆိုင် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ပြီးထွက်ပြေးနေကြကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ရှိ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ်…

ပင်လောင်း-ပေါင်းလောင်းလမ်းမကြီးတွင် မြေပြိုမှုဖြစ်ပွားနေခြင်းကြောင့် သွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၂၀၂၄ ပင်လောင်း-ပေါင်းလောင်းလမ်းမကြီးတွင် မြေပြိုမှုဖြစ်ပွားနေခြင်းကြောင့် သွားလာရန် အခက်အခဲရှိကြောင်း သြဂုတ်လ(၄)ရက်နေ့တွင် ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ပင်လောင်း၊ပေါင်းလောင်းလမ်းမ ကြီးတွင်မြေပြိုမှုထပ်မံဖြစ်ပွားနေခြင်းကြောင့် ဒေသခံများခရီးသွားလာရန်အခက်အခဲရှိနေသည်၊၊ ‟အဲ့လိုမျိုးမြေတအားပြိုတော့ အဲ့ဒီဖက်ခရီးသွား ပြည်သူနဲ့ လမ်းသွားလမ်းလာလုပ်တဲ့သူအတွက်အရမ်းအခက်အခဲဖြစ်တယ် ပြီးတော့လမ်းကအဲ့ဒီတစ်လမ်းဘဲရှိတော့…

ဇူလိုင်လတစ်လအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၂၀၂၄ ဇူလိုင်လတစ်လအတွင်း PNO ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ထုတ်ပြန်ချက်တွင်ဆိုထားသည်။ လွိုင်ကော်မြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများပြီး လက်နက်ငယ် လေးလက်နှင့်…

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုလုပ်သည့် အိန္ဒယသမ္မတနိုင်ငံ ကိုယ်စားလှယ်အား NUG ကရာထူးမှထုတ်ပယ်

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၅၀၂၄ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အိန္ဒယသမ္မတနိုင်ငံ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇင်ခင်ကို ရာထူးမှထုတ်ပယ်ကြောင်း NUG က သြဂုတ်လ(၃)ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနသည် လုပ်ငန်းခွင်တွင် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်သည်ဟူသောတိုင်ကြားချက်အား၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင်လက်ခံရရှပြီးဒီဇင်ဘာလတွင်ကြားနာစစ်ဆေးသတိပေးမှုများပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဆိုသည်။…

PNO ဖမ်းသွားသည့် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖခွန်ထက်နိုင်သေဆုံးလျက်ပြန်တွေ့

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၂၀၂၄ PNO ပြည်သူ့စစ် ဖမ်းသွားသည့် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖအသက် ၅၀ ကျော်အရွယ် ခွန်ထက်နိုင်သည် သေဆုံးလျက်ပြန်တွေ့ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘတ်ကျေးရွာအုပ်စု၊ နောင်သိမ်ကျေးရွာ…