ခမ်းသားငေါဝ်း
သြဂုတ် ၃၀၊ ၂၀၂၄

လျှပ်စစ်ဓာတ်အားနူန်းများကိုလာမည့်စက်တင်ဘာ (၁)ရက်ကစပြီးတိုးမြှင့်ကောက်ခံသွားမည်ဟုစစ်​ကောင် စီ၏လျှပ်စစ်ဝန်ကြီးဌာနမှသြဂုတ်လ(၃၀) ရက်တွင်ထုတ်ပြန်ထားသည်။

လက်ရှိအိမ်သုံးလျှပ်စစ်မီတာများသည်၂၀၀ ယူနစ်အထက်ကို ၁၂၅ ကျပ်နူန်းကောက်ခံရာကနေ ၃၀၀ ကျပ်အထိတိုးကောက်လာခြင်းကြောင့်နှစ်ဆကျော်အထိတက်သွားမည်ဖြစ်ကြောင်းသိရသည်။

“မီတာခကျတိုးကောက်ချင်တယ်၊မီးကျတော့ပုံမှန်မလာဘူး။မီးပုံမှန်မလာတော့ဒီစားသောက်ဆိုင်တို့ တခြားမီးနဲ့အလုပ်လုပ်နေရတဲ့သူတွေဆိုလုံးဝအဆင်မပြေဘူးလေ။တစ်ရက်လုံးကိုမှတစ်နာရီဘဲလာတဲ့ရက်တွေကရှိသေးတယ်”ဟုတောင်ကြီး ဒေသခံတစ်ဦးကပြောသည်။

ကောက်ခံမည့်အိမ်သုံးအမျိူးအစားနူန်းထားများအနေဖြင့်(၁)ယူနစ်ကနေ(၅၀)ယူနစ်အထိကို(၅၀) ကျပ်၊(၅၁)ယူနစ်ကနေ(၁၀၀)ယူနစ်အထိကို(၁၀၀) ကျပ်၊(၁၀၁)ယူနစ်ကနေ(၂၀၀)ယူနစ်အထိကို(၁၅၀) ကျပ်၊(၂၀၁)ယူနစ်အထက်ကို(၃၀၀)ကျပ်စသဖြင့်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။

အိမ်သုံးမဟုတ်သည့်စက်မှု၊စီးပွားရေးလုပ်ငန်းသုံး၊အစိုးရနှင့်အခြားအဖွဲ့အစည်းသုံးအမျိူးအစားများအတွက်(၁)ယူနစ်ကနေ(၅၀၀၀)ယူနစ်အထိကို(၁၅၀)ကျပ်၊(၅၀၀၁)ယူနစ်ကနေ(၂၀၀၀၀)ယူနစ်အထိကို(၄၀၀)ကျပ်နှင့်၊(၂၀၀၀၁)ယူနစ်အထက်ကို(၅၀၀)ကျပ်ကောက်ခံသွားမည်ဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့်ဓာတ်အားလိုင်းကြီးများကိုအဆင့်မြှင့်တင်ခြင်း၊တိုးချဲ့တည်ဆောက်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်းများကိုပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံခြင်းများဖြင့်ဆောင်ရွက်ပြီးလျှပ်စစ် ဓာတ်အားသုံးစွဲပြည်သူများသို့တည်ငြိမ်သည့်လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရာတွင်ဘဏ္ဍရေးနှစ်အလိုက်ထုတ်လုပ်မှုစရိတ်မြင့်မားလာပါသဖြင့်ဓာတ်အားခနူန်းများအားပြင်ဆင်သတ်မှတ်ရန်လိုအပ်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

#Photo –Online

#PPV0012
#social
#လျှပ်စစ်မီး
#မီတာခတိုးကောက်
#2024

Leave a Reply

Your email address will not be published. Required fields are marked *