ခမ်းသားငေါဝ်း
သြဂုတ် ၃၀၊ ၂၀၂၄

ပင်လောင်းမြို့၊ဈေးတန်းရပ်ကွက်ရှိ ကားဂိတ်တွင်ဩဂုတ်လ(၂၉) ရက်က ငွေကျပ် ၅၅၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း CCDAC Myanmar မှ ဖော်ပြချက်အရသိရသည်။

စစ်ကောင်စီ ၏မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့များပါဝင်‌သည့် ပူးပေါင်းအဖွဲ့က ဩဂုတ်လ(၂၇)ရက်တွင် ဖမ်းဆီးရမိကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့၊ ဈေးတန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းများ လာရောက်ပို့ဆောင်သူ ခွန်တင်ဝင်းအား စစ်ဆေးရှာဖွေရာ ပစ္စည်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၅၅ သိန်း)နှင့် ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

ခွန်တင်ဝင်း (၃၃)နှစ်အား ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံအနှံ့ဒေသတွင်းမူးယစ်ဆေးဝါးပြန့်နှံ့မှုပိုများလာကြောင်းဒေသခံပြောပြချက်အရ သိရသည်။

#PPV0011
#မူးယစ်ဆေးဝါး
#ပင်လောင်း
#ဖမ်းမိ

Leave a Reply

Your email address will not be published. Required fields are marked *