ခမ်းသားငေါဝ်း
သြဂုတ်လ ၃၊၁ ၂၀၂၄

တအာင်းလွတ်မြောက်ရေးတပ် TNLA အနေနှင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် တရုတ်ဘက်က သတိပေးစာပေးပို့လိုက်ကြောင်းသိရသည်။

ထိုစာကိုဩဂုတ် ၂၉ ရက်စွဲဖြင့် ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက ပေးပို့ခဲ့ခြင်းဖြစ်ပြီး ‘’တရုတ်၏သတိပေးချက်အတိုင်း မပူးပေါင်းရင် အကျိုးဆက်တွေအားလုံးကို တာဝန်ယူရမယ်”ဟုရေးသားထားသည်။

နယ်စပ်ဒေသက တရုတ်နိုင်ငံသားများသာမက မြန်မာပြည်တွင်းက တရုတ်နိုင်ငံသားများ လုပ်ငန်းများ လုံခြုံရေးကိုအာမခံပေးရန်နှင့် တရုတ်နယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် တရုတ်နိုင်ငံသားများ၏ အသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေမည့် အန္တရာယ်ရှိသည့် စစ်ရေးအပြုအမူများကို ပပျောက်အောင် ဆောင်ရွက်ရမည်ဟု တရုတ်က ဆိုထားသည်။

တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ရအောင် ကူညီပေးမည်ဟုလည်းတရုတ်ကပြောဆိုထားသည်။

#ppv002
#တရုတ်
#စစ်ရေး
#TNLA

Leave a Reply

Your email address will not be published. Required fields are marked *