The people’s voice- ခမ်းသားငေါဝ်း

Fact check

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မိမိဒေသကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်သင်တန်းဆင်းပွဲ ကို ၂၀၂၄ သြဂုတ် ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည်။
ထိုသင်တန်းဆင်းပွဲတွင် PNO ပြည်သူ့စစ် စန္တာခမ်း ဒုဗိုလ်မှူးကြီး ဖြားခွန်ဒေဝက “အခြေခံသင်တန်းကနေ တတ်မြောက်ထားတာတွေ ဘာလုပ်ဖို့လဲဆိုတော့ ကိုယ့်ကိုယ်အတွက်၊ ရွာအတွက်၊ ဒေသအတွက်မဟုတ်ဘူး ကျွန်တော်တို့(စန္တာခမ်း) နောင်တရားဒေသတွက်ပဲမဟုတ်ဘူး ကျွန်တော်တို့အမျိုးသား တစ်ခုလုံးဖြစ်တဲ့ အထူးဒေသ ၆ မှာရှိတဲ့ နယ်မြေ နယ်စပ်တွေအားလုံးတည်ရှိနိုင်ဖို့ ကာကွယ်နိုင်ဖို့ လက်နက်ကိုင်ပြီဆိုတော့ ဒီလက်နက်ကြောင့် ကိုယ့်အမျိုးသားရေး အန္တရာယ်မဖြစ်စေဖို့ အမျိုးသားရဲ့ရန်သူမဖြစ်စေဖို့ မိဘပြည် သူလူထုရဲ့ အန္တရာယ်၊ ဆူးခလုတ် မဖြစ်စေဖို့ အားလုံးသတိရဖို့လိုပါတယ်”ဟု သင်တန်းဆင်း မိန့်ခွန်းမှာ ပြောကြားခဲ့သည်။

Video Links – https://fb.watch/uaGDpaPqrN/
ဖြန့်ဝေတဲ့ လင့် – https://archive.ph/wip/6xKOi / https://ghostarchive.org/archive/sm7kL

နောက်ကြောင်းနှင့် တာဝန်ဝတ္တရားများ

PNO/ PNA ပြည်သူ့စစ်သည် ၁၉၉၁ ခုနှစ်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ရှမ်းပြည်နယ်တောင် ပိုင်းတွင် အထူးဒေသ ၆ အဖြစ် တပ်မတော်အစိုးရက သတ်မှတ်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ငြိမ်းချမ်းရေး ယူထားသည့် PNO /PNA ကို အသွင်ပြောင်းပြည်သူ့စစ်ဌာနေဟု ပြောင်းလဲ့ခဲ့ကာ လက်ရှိစစ်ကောင်စီ အာဏာသိမ်းကာလတွင် စစ်ကောင်စီ လက်အောက်ခံ၌ဆက်လက်ရှိနေသည်။

အသွင်ပြောင်းပြည်သူ့စစ်သည် – တပ်မတော်တွင် ပေါင်းစည်းထားသော ပြည်သူ့စစ်များကို ခေါ်ခြင်းဖြစ်သည်။ အများစုသည် ယခင်က အပစ်ရပ်အဖွဲ့များဖြစ်ကြပြီး အသွင်ပြောင်းသွားမှုကို ပြသသည့်အချက်မှာ ယခင်ယူနီဖောင်း များနေရာတွင် တပ်မတော်၏ သတ်မှတ်ချက်ဖြင့် ထုတ်ပေးထားသော ပြည်သူ့စစ် ယူနီဖောင်းများကို အသုံးပြုခြင်း ဖြစ်သည်။

အသွင်ပြောင်းပြည်သူစစ်များသည် တပ်မတော်ကို ကူညီရန် ဝတ္တရားရှိပြီး အနီးတဝိုက်ရှိနယ်မြေတွင် လက်နက်ကိုင်များ ၏ သတင်းအချက်အလက်ကို စုဆောင်းပေးရန်၊ လမ်းကြောင်းခက်ခဲသော နယ်မြေကို ဖြတ်သန်း ချီတက်ရာတွင် အကူအညီပေးရန်၊ စစ်ဆင်ရေးများတွင် အကူညီပေးရန် စသည့် အချက်များပါဝင်ပါသည်။ ပြည်သူ့စစ်များသည် တပ်မတော်ကွပ်ကဲမူလက်အောက်မှ တပ်များဖြစ်လ ာသည့်အလျှောက် ၄င်းတို့၏ လစာ၊ ရိက္ခာ၊ စစ်ဝတ်စုံ၊ လက်နက် ခဲယမ်းမီးကျောက်စသည်တို့နှင့် သက်ဆိုင်သောကိစ္စများကို စည်းမျဥ်းစည်းကမ်းများ တိကျသော စာရင်းအင်းစနစ် တို့နှင့်အညီ တပ်မတော်မှ လုပ်ဆောင်ပေးပါသည်။

၂၀၀၈ အခြေခံဥပဒေတွင် ပြည့်သူစစ်အဖွဲ့များအား ကာကွယ်ရေးဌါန (တပ်မတော်)မှ စီမံအုပ်ချုပ်ရန် ခွင့်ပြုထားသည်။ ၂၀၁၀ ခုနှစ်က အာဏာစတင်သက်ရောက်သော ဥပဒေပုဒ်မ ၃၄၀ တွင် ပြည်သူ့စစ် မဟာဗျူဟာကို တပ်မတော်၏ ဦးဆောင်မူဖြင့် လုပ်ဆောင်ရမည်ဟု ဖော်ပြထားပါသည်။

ဤအချက်အလက်များကို ၂၀၀၈ အခြေခံ ဥပဒေနှင့် The Asia Foundation အဖွဲ့မှလည်း ဖော်ပြထားပါသည်။

https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://asiafoundation.org/
wp-content/uploads/2017/01/Militia-in-Myanmar_Burmese-version_Jan17update.pdf&ved=2ahUKEwjVsc3bxo-IAxX0SmwGHQREO2AQFnoECCkQAQ&usg=AOvVaw07VjR3zhyNZ1Eo7tPTH1T5

(ဆက်စပ်သတင်း) စစ်ကောင်စီမှ PNO ပြည်သူ့စစ်အား လက်နက်တပ်ဆင်ပေးခြင်းသတင်း –
https://www.facebook.com/share/2woFKpSSmQi5q3rp/?mibextid=WC7FNe
စစ်ကောင်စီလက်အောက်ခံ သတင်းနှင့်ပြန်ကြားရေးဌာနမှလည်း ပြည်သူ့စစ်ကို လက်နက်တပ်ဆင်ပေးသည့် သတင်းကို ဖော်ပြထားသည်။
https://www.moi.gov.mm/news/52321

ခမ်းသားငေါဝ်းက အချက်လက် စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီမှ ပေးအပ်ထားသည့် မိမိဒေသ အထူးဒေသ ၆ ကို ကာကွယ်ရန် ဆိုသည်မှာ စစ်သင်တန်းသားနှင့် ပြည်သူများ ကို ပြည်သူ့စစ် စစ်မူထမ်းရန် စည်းရုံးလုံ့ဆော်ခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရပါသည်။

မည်သို့ပင် မိမိဒေသကို ကာကွယ်ရန် ဆိုထားစေကာမူ ပြည်သူ့စစ်သည် စစ်ကောင်စီ၏ စစ်ဆင်ရေးများတွင် အကူညီ ပေးရန် ၂၀၀၈ အခြေခံဥပဒေတွင် ဝတ္တရားရှိထားကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဇူလှိုင်လ ၁၁ ရက်နေ့ Myanmar Now video ရုပ်သံဖြင့် တင်ပြမူမှာ ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်ကို ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်း အင်အား ၅၀၀ ကျော်တွင် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်အများအပြား ပါဝင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အခိုင်မာပြောထား သည်။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၏ (၁၁၁၁) လေးလုံး စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ ဧရိယာ ထက်ဝက်ကျော်ကို ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကတစ်ဆင့် တန်ပြန်စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး၊ ဇွန်လထဲတွင် လွိုင်ကော်မြို့ထဲအထိ ထိုးဖောက်ဝင် ရောက်နိုင်ခဲ့ပါတယ်။ အင်အား ၅၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းနှင့် လွိုင်ကော်မြို့က စစ်ကောင်စီ လက်ကျန်တပ်များ ပေါင်းမိသွားချိန်တွင် တော်လှန်ရေးတပ်များက ၁ လေးလုံးစစ်ဆင်ရေးအတွင်း ထိန်းချုပ်ထားနိုင်သည့် လွိုင်ကော်မြို့ပေါ်နေရာတချို့ကို လက်လွတ်လိုက်ရသည်။ ထိုအချက်အလက်ကို အောက်တွင်ဖော်ပြသည့် စစ်ဆင်ရေးတွင် ပူပေါင်းပါဝင်ပေးရမူကို ကြည့်နိုင်ပါသည်။

Youtube links – https://youtu.be/bMcC_zXrBS4

စစ်ကောင်စီအတွက် PNO ပြည်သူ့စစ် သင်တန်းသားများစစ်မူထမ်းများ ခေါ်ယူစုဆောင်းပေးပြီး အတင်းအဓမ္မ ရှေ့တန်းပို့ဆောင်ခြင်းများ ရှိကြောင်းကိုလည်း အောက်ပါ links တွင် တွေ့နိုင်ပါသည်။
၂၀၂၄ ခုနှစ် ဇူလှိုင်လ ၁၆ရက် Burma News International website သတင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် လိန်းညာကျေးရွာအုပ်စုရှိ ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်သင်တန်း ၅ ရက် ပေးပြီးနောက် တိုက်ပွဲဖြစ်ပွားရာ ဆောင်းပြောင်းနှင့် ကရင်နီပြည်များ သို့ပို့နေကြောင်း၊ စစ်သင်တန်း၅ရက်ကို အတင်းအဓမ္မ တက်ခိုင်းပြီးနောက် ပအိုဝ်းပြည်သူ့စစ် PNO ဒုစစ်ဦးစီးချုပ် နေဝင်းထွန်း၏ အမိန့်ဖြင့် တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းသို့ ပို့ဆောင်စေခဲ့ကြောင်း ဇူလိူင်လ ၁၄ ရက်တွင်လည်း လွိုင်ကော်မြို့ဘက်သို့ မောင်းနှင်လာခဲ့သော စစ်ကောင်စီ ကားကို ကရင်နီတော်လှန်ရေးပူ ပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်သားများနှင့်အတူ PNO ပြည်သူ့စစ် သုံးဦးလည်း ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။
ဖတ်ရှုရန်သတင်းလင့်- https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.bnionline.net/mm/news-105440&ved=2ahUKEwjrzLijkZCIAxWzVmwGHUK_DcUQFnoECC8QAQ&usg=AOvVaw0–zA3SLrYnBALz74ZmCf-
https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://thepeoplevoicepaoh.com/2024/07/06/%25E1%2580%2595%25E1%2580%25BC%25E1%2580%258A%25E1%2580%25BA%25E1%2580%259E%25E1%2580%25B0%25E1%2580%25B7%25E1%2580%2585%25E1%2580%2585%25E1%2580%25BA%25E1%2580%259E%25E1%2580%2584%25E1%2580%25BA%25E1%2580%2590%25E1%2580%2594%25E1%2580%25BA%25E1%2580%25B8%25E1%2580%259B%25E1%2580%2580%25E1%2580%25BA%25E1%2580%2595%25E1%2580%25AD/&ved=2ahUKEwjXhdaU0JyIAxUjQ2cHHWZLJskQFnoECCoQAQ&usg=AOvVaw1ZwmgCkEVvlhaBV-YWX1Ss

၂၀၂၃ ခုနှစ် မတ်လ ၃ရက်နေ့တွင်လည်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်စပ်က စစ်ကောင်စီ စစ်ကြောင်းတွင် ပအိုဝ်းအမျိုးသားတပ်မ တော် PNO/ PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ပူးပေါင်းပါဝင် လှုပ်ရှားလာသည်ဟုသံလွင်တိုင်းမ်မှာ ဖော်ပြထားပါသည်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ထဲကို PNAနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က စစ်ကြောင်းထိုးလာပြီး နေ့လည်ပိုင်းမှာ KA၊KNDF၊PDF ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ သေဆုံးထားသည့် စစ်သားများသည် PNA ယူနီဖောင်းများ ပါဝင်နေသည့်အတွက် PNA သည် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာသည်ကို အတည် ပြုနိုင်သည်ဟု ကရင်နီစစ်ရေးသတင်း အချက်အလက်စင်တာ KMIC က ပြောပါသည်။
https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://burmese.thanlwintimes.com/2023/03/03/%25E1%2580%2580%25E1%2580%259A%25E1%2580%25AC%25E1%2580%25B8%25E1%2580%2595%25E1%2580%25BC%25E1%2580%258A%25E1%2580%25BA%25E1%2580%2594%25E1%2580%259A%25E1%2580%25BA%25E1%2580%2580-%25E1%2580%2585%25E1%2580%2585%25E1%2580%25BA%25E1%2580%2580%25E1%2580%25B1%25E1%2580%25AC%25E1%2580%2584%25E1%2580%25BA%25E1%2580%2585%25E1%2580%25AE/&ved=2ahUKEwjnmqChz5yIAxXTVmwGHUeMKlgQFnoECBgQAQ&usg=AOvVaw3N0KY2uemynz0DU0NClO-C

စစ်ရေးအမြင်ရှိသည့် CDM ပအိုဝ်းရှေ့နေတစ်ဦးကလည်း ‘’စစ်ရေးအရ PNO ပြည်သူ့စစ်သည် စစ်ကောင်စီကွက်ကဲမှုလက်အောက်မှာပဲ ဖွဲ့စည်းထားတဲ့အဖွဲ့ပဲဖြစ်တယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲံ အခန်း၁ အခြေခံမှုများမှာတော့ အမျိုးသားနိုင်ငံရေးဦးဆောင်တဲ့ အခန်းကဏ္ဌမှာ တပ်မတော်သည် အစဉ်တစိုက်ဦးတည်တယ်ဆိုတာ ပြဌာန်းထားတာရှိတယ် PNO ပြည်သူ့စစ်ဆိုတာက စစ်ကောင်စီနှင့် မိမိနှင့် ကိုယ်ကျိုးစီးပွားကိုယ်ပဲ တည်ဆောက်ထားတဲ့ လက်ဝေခံ အာဏာရှင်အစုအဖွဲ့သာ ရှိတယ်လို့ သုံးသပ်ချင်တယ်။
PNO ပြည်သူ့စစ်ရဲ့ နိုင်ငံရေး ရည်မှန်းချက်သည် စစ်ကောင်စီရဲ့ အာဏာရှင်စနစ် တည်တံ့ရေးဘဲ ဖြစ်တယ် PNO ပြည့်သူ့စစ် ဦးဆောင်သူ လူတစုက မိမိရဲ့ ကိုယ်ကျိုးစီးပွားနှင့်အာဏာ ကောက်ကျစ်ယုတ်မာစွာနဲ့ အသုံးချ ကြတာဘဲ ဖြစ်တယ်။ လက်ရှိ PNO ရဲ့ နိုင်ငံရေး အယူဝါဒအရက သူရဲ့ အာဏာနှင့် ကိုယ်ကျိုးစီးပွား အတွက် ရရှိရေးဆိုရင် တရားသော နည်းလမ်သောဖြစ်စေ ကောက်ကျစ်သော နည်းလမ်းဖြင့် ဖြစ်စေ အကြမ်းဖက်တဲ့ နည်းလမ်းဖြင့်ဖြစ်စေ ဘယ်လိုနည်းလမ်းမဆို မိမိ၏ Political power ကို မရရတဲ့နည်းဖြင့် တည်ဆောက်တဲ့ ဝါဒ၊ ဒါကိုနိုင်ငံရေးအရ Machiavellianism ဝါဒလို့ ခေါ်တယ် ဒါကို PNO ခေါင်းဆောင် လူတစုက ကျင့်သုံးနေတယ် သုံးသပ်လို့ ရပါတယ်။

ပြည်သူ့စစ် အနေနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရ ဒေသမှာ စစ်ရေးကြိုးပမ်းပြင်ဆင်နေတာနဲ ပတ်သက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ စန္တာခမ်းအပါဝင် နောင်တရားဒေသတွေမှာ စစ်ရေးပြင်ဆင်မူ ကြိုးပမ်း နေတာတွေကိုတွေ့ရတယ် PNO ပြည်သူ့စစ်တွေ့ရဲ့ ယခုလို ပြင်ဆင်မူတွေဟာ ဘာအတွက်လဲ ဘာရည်ရွယ် ချက်လဲဆိုတာ ကျတော်တို့ သုံးသပ်သိမြင်နိုင်တယ် စစ်ရေးသမိုင်းမှာ စစ်ဆိုတာလှည့်ဖျားခြင်းဖြစ်တယ် ဆိုပေမဲ့ ရိုးသားတဲ့ နိုင်ငံရေးမျော်မှန်းချက်အတွက် တိုက်သောစစ်သာလျှင် တရားသောစစ်ဖြစ်တယ် ဒါကြောင့်မလို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွင်းမှာ ယနေ့ ကြိုးပမ်းနေတဲ့ PNO စစ်ဆင်ရေးတွေဟာ ပအိုဝ်းအမျိုးသားများ မျှော်မှန်းတဲ့ မျှော်လင့်တဲ့ ကိုယ်ပိုင်ပြဌါန်းပိုင်ခွင့်နဲ တန်းတူရေးရှိတဲ့ ပအိုဝ်းပြည်နယ် ပေါ်ပေါက်ရေးဆိုတဲ့ မျှော်မှန်းချက်နှင့် လုံးဝဆန့်ကျင် သွေးဖြည်းနေတာ ဖြစ်သည်အတွက် ဒီစစ်ဆင်ရေးဟာ ကြိုးပမ်းမှု ရည်မှန်းချက်ဟာ PNO ပြည်သူ့စစ် လူတစ်စုရဲ့ ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်တံရေးသာ ဖြစ်တယ်လို့ ယခုလို သုံးသပ်ပြောဆိုထားသည်။

ပြည်သူ့စစ်ဖြစ်သွားသော ပအိုဝ်းအမျိုးသားတပ်မတော်(PNA)သည် စစ်ဦးစီးချုပ်ရုံးအောက်သို့ ရောက်ရှိ သွားပြီး ကာကွယ်ရေးဦးစီးချုပ် လက်အောက်နှင့်သာ သက်ဆိုင်ကြောင်း PNA ကွက်ကဲရေမှူး ဦးခွန်လှသည် ဧရာတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဦးခွန်လှက ပြောဆိုခဲ့သည်။ အကြောင်းအရာစုံကို အောက်ပါ လင့်တွင် ကြည့်ရှုနိုင်သည်။

https://www.facebook.com/share/e4wgU1CQGgxYbhWm/?mibextid=oFDknk
ပြည်သူ့စစ်သင်တန်းမတက်ရောက်နိုင်သည့် ပြည်ပရောက် လူငယ်များကို PNOပြည်သူ့စစ်က ငွေကြေးများ ကောက်ခံခဲ့ကြသည်။ အောက်ပါ link တွင် တွေ့နိုင်ပါသည်။

httpshttps://www.facebook.com/KhamSarNgor/posts

သုံးသပ်ချက်
နောင်တရား ပြည်သူ့စစ်သင်တန်းဆင်းပွဲတွင် စန္တာခမ်း ဒုဗိုလ်မှူးကြီး ဖြားခွန်ဒေဝ မိန့်ခွန်းပြောထားသလို၊ အထူးဒေသ ၆ အတွင်း ပြည်သူစစ်သင်တန်းဆင်းပွဲတွင် ဟောပြော ပြောဆိုကြသည့် ပြည်သူ့စစ် အကြီးအကဲ၏ စကားအများစုသည် အထက်ပါ စစ်ဆေးထားသည့်အချက်အလက်များအရ “ပအိုဝ်းပြည်သူ အတွက်ဆိုသည့် မိန့်ခွန်းပြောဆိုခြင်းသည်” အဖွဲ့အစည်း လူတစု၏ စီးပွားရေးနှင့် ကိုယ်ကျိုးစီးပွားရေး ကာကွယ်ရန်အတွက် ‘မုသာ” စကားပဲဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *