ခမ်းသားငေါဝ်း

ဩဂုတ် ၂၉၊ ၂၀၂၄

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် မကြာခဏရက်ရှည်မီးပျက်နေသောကြောင့် ပြည်သူများအခက်အခဲဖြစ်နေကြောင်း ပြည်သူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် လျှပ်စစ်မီးများ မကြာခဏ ရက်ရှည်ပျက်နေသောကြောင့် ရပ်ကွက်နေသူများ အခက်အခဲ ဖြစ်နေသည်။

”အခုပျက်တာ နှစ်ရက်ပြီ တစ်ချက်မှမလာဘူး၊ ထမင်းလည်းချက်လို့မရဘူး၊ ဖုန်းအားတွေလည်းမရှိတော့ဘူး၊ စိတ်ညစ်စရာပဲ” လို့ ပြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သည့် ရက်များတွင်လည်း ၄ ရက်ဆက်တိုက်မီးပျက်ထားကြောင်း၊ တစ်နေ့ နာရီဝက်သာမီးပေးကြောင်း သိရသည်။

စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကလည်း ” ဒီလိုရက်ရှည်ကြီးပျက်နေတာတော့ အဆင်ပြေဘူး၊ လာပြန်တော့လည်းခနပဲ၊ မီးအားလည်းမနိုင်ဘူး၊ ရေခဲသေတ္တာထဲက အသားငါးတွေ ပျက်ကုန်ပြီ၊ မီးစက်နိုးမောင်းရအောင်လည်း ဆီစျေးတွေနဲ့ မွဲသွားနိုင်တယ်” ဟုဆိုသည်။

ဘုရားဖြူရပ်ကွက်တွင် လျှပ်စစ်ဓာတ်ကြိုးများ မကြာခန ရှော့ဖြစ်နေသော်လည်း အချိန်မှီ လာရောက်ပြုပြင် ခြင်းမရှိကြောင်းသိရသည်။

PPV003
#လူ့အခွင့်အရေး
#လျှပ်စစ်မီး
#တောင်ကြီးမြို့
#ဘုရားဖြူရပ်ကွက်
#ရက်ရှည်မီးပျက်

Leave a Reply

Your email address will not be published. Required fields are marked *