ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊ ၂၀၂၄
အောင်ပန်းတွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းပေးအောင်ပန်းထံမှ ဩဂုတ် ၂၉ ရက်တွင် သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ အမှတ် ၃ ရပ်ကွက်၊ နယ်မြေ ၉ နေ အသက် ၄၄ နှစ်အရွယ်ဦးကျော်ဆိုသည်သူ ယနေ့ မနက် ၁ နာရီခန့်အချိန်တွင် နေအိမ်နံဘေး အုတ်တံတိုင်း အနီးရှိ သံတိုင်၌ ကြိုးဆွဲချသေဆုံးခဲ့သည်။
”ဘာလို့ဒီလိုလုပ်ရတာလည်းမသိဘူး၊ သူကအရက်လည်းမသောက်တတ်ဘူး၊ ဆေးလိပ်တောင်မသောက်တတ်ဘူးပြောတယ်၊ မိသားစုတွေနဲ့လည်း အားလုံးအဆင်ပြေနေတယ်ပြောတယ်၊ အခုလို ဖြစ်သွားတာတော့ စိတ်မကောင်းဘူး” လို့နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဦးကျော်မှာ သားသမီး ၇ ယောက်ရှိပြီး၊ ၇ ရက်သာရှိသေးတဲ့ မွေးကင်းစသမီးလေးလည်းရှိကြောင်း ၎င်း ကဆက်ပြောသည်။
ဦးကျော်၏ ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်းအောင်ပန်းမှ အောင်ပန်းဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ပွိီးခဲ့သညျ့ သြဂုတ်လ ၂၆ ရက်နေ့တွင်လည်း အောင်ပန်းတွင် အမျိုးသားတစ်ဦး ဇီးကြမ်းပင်ပေါ်၌ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်။
PPV003
ဓာတ်ပုံ-နာရေးကူညီမှုအောင်ပန်း
#မှုခင်း
#အောင်ပန်း
#ကြိုးဆွဲချသေဆုံး
#နေအိမ်နဘေးအုတ်တံတိုင်း
#နာရေးကူညီမှုအသင်းအောင်ပန်း