ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊ ၂၀၂၄

အာလူးများ ယခင်ထက်စျေးကောင်းရနေသော်လည်း အရင်းနှီးများခြင်းနှင့် မိုးများခြင်းများကြောင့် အပင်တချို့ပျက်စီးခြင်းများရှိနေပြီး စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်နေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် အာလူးများသည် ပြီးခဲ့သည့် ဧပြီလခန့်က တစ်ပိဿာလျှင် ၂၀၀၀၊၂၅၀၀ ကျပ်အထိသာ ရရှိနေခဲ့ပြီး ယခုတွင် တစ်ပိဿာ ၃၅၀၀ နှင့် ၄၀၀၀ အထက် ရရှိနေသော်လည်း မိုးများပြီးအပင်ပျက်စီးခြင်းနှင့် ရင်းနှီးရသည့်ကုန်ကျစရိတ်လည်းများသည့်အတွက်စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ဖြစ်နေသည်။

“အာလူးက ဒီနှစ်တွေမှာ စိုက်ရတာ အဆင်မပြေဘူး မျိုးစေ့ကလည်း စျေးကြီးတယ် မြေသြဇာလည်း စျေးကပိုပိုကြီးလာတယ် မိုးများတော့ ပျက်စီးသွားတာလည်းရှိတယ် စျေးနည်းနည်းတက်လာပေမယ့် ရလာတဲ့ဟာနဲ့ ရင်းနီးရတဲ့ဟာ မကိုက်ဘူး”ဟု စိုက်ပျိုးတောင်သူတစ်ဦးကပြောသည်။

ပင်လောင်းဒေသတွင် ယခုနှစ်အတွင်း မိုးများသည့်အတွက် အာလူးခြံသာမက တခြားစိုက်ပျိုးထားသည့် စိုက်ပျိုးခြံများလည်း ‌ပျက်စီးကုန်ကြောင်းသိရသည်။
ယခုလက်ရှိတွင် ပြည်တွင်းတိုက်ပွဲများလည်း ပိုမိုပြင်းထန်လာသည့်အတွက် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုများ ရှိနေသည့်အတွက် မိမိဒေသထွက်ကုန်များ တင်ပို့ရာတွင်လည်း အခက်အခဲဖြစ်နေကြကြောင်းသိရသည်။

#PPV008
Photo-loca
#စိုက်ပျိုးရေး
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#အာလူး
#မိုးများခြင်းကြောင့်
#ကုန်ကျစရိတ်များ

Leave a Reply

Your email address will not be published. Required fields are marked *