ခမ်းသားငေါဝ်း

ဩဂုတ် ၂၉၊ ၂၀၂၄

လာမည့် စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြာင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှသြဂုတ်လ(၂၉)ရက်နေ့တွင် အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်(Passport ) လျှောက်ထားကြေးများကို စက်တင်ဘာ (၁) ရက်မှစ၍ စာအုပ်ဖိုးငွေ (၃၅၀၀၀) ကျပ်မှ (၄၀၀၀၀) ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ထို့ပြင် Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိူင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနေနှင့် Online မှ Booking စနစ်ဖြင့်နိူင်ငံကူးလက်မှတ်လျှောက်ထားမှုကို၂၀၂၂ခုနှစ်မတ်လတွင်စတင်ခွင့်ပြုပေးကြောင်းသိရသည်။

Online Booking လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီ တောင်းခံ၍ လျှောက်ထားနိုင်ကြောင်း လ.ဝ.က ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-အွန်လိုင်း
#PPV0012
#လူ့အခွင့်အရေး
#မြန်မာနိုင်ငံကူးလက်မှတ်
#Passport
#စာအုပ်ကြေး
#တိုးမြှင့်ကောက်ခံ

Leave a Reply

Your email address will not be published. Required fields are marked *