ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊ ၂၀၂၄

ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့်ပတ်သက်ပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်ပြီး စစ်ကောင်စီဘက်မှ ဘုရားပွဲကို မဖြစ်မနေ ပြုလုပ်ရမည်ဟုဆိုထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ၂၁ ဌာနသို့ အပူဇော်ခံ ကြွချီနေကျ ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပွဲကို ယခုနှစ် ၂၀၂၄ ဇူလိုင်လ တွင် ပထမအကြိမ်အစည်းအဝေး၌ နိုင်ငံရေးအခြေအနေကြောင့် မလုပ်ဖြစ်ကြောင်းကို ဆိုသော်လည်း ဩဂုတ်လ ၂၈ ရက်နေ့ တွင် ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်ပြီးစစ်ကောင်စီဘက်မှ ဘုရားပွဲကို မဖြစ်မနေပြုလုပ်ပေးရမည်ဟုဆိုထားကြောင်း ဒေသခံထံမှ သိရသည်။

“ ဘုရားပွဲက ပထမအစည်းအဝေးတုန်းကတော့ နိုင်ငံရေးအခြေအနေကြောင့် ဘုန်းကြီးတွေကလည်းလက်မခံဘူး၊ တာဝန်လည်း မယူနိုင်ဘူးဆိုပြီးတော့မလုပ်ဖြစ်ဘူးပြောတယ်။ ဒီမနက်က ဒုတိယအကြိမ်အစည်းအဝေးမှာကြတော့ မဖြစ်မနေလုပ်ပေးရမယ်ဆိုပြီးတော့ ပြောလာတာကိုတော့ သေသေချာချာသိရတယ်။ ပြီးတော့ မနက်က အလုပ်သွားတော့ ဖော်တော်ဦးဘုရားမှာ ရဲ ၁၀ ကျော်တော့ မြင်လိုက်သေးတယ်၊အစည်းအဝေးလုပ်တယ်ထင်ပါတယ်”ဟု ဒေသခံကပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသတွင် ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပွဲကို နေ့စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိပြီး ကိုဗစ်ကာလကြောင့် ၂၀၂၀ နှစ် မှာစ၍ ၃ နှစ်ဆက်တိုက်ဘုရားပွဲကို မကျင်းပ နိုင်ခဲ့သော်လည်း ၂၀၂၃ တွင်ပြန်လည်းကျင်းပခဲ့ပြီး ယခုနှစ် ၂၀၂၄ မှာလည်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းနှင့် ပွဲအစဉ်အစီကတော့မထုတ်ပြန်သေးကြောင်းသိရပါသည်။

PPV0013
ဓာတ်ပုံ-ခမ်းသားငေါဝ်း
#ဘာသာရေး
#ညောင်ရွှေမြို့
#ဖောင်တော်ဦးဘုရား
#ဒေသစာရီ
#ကိုဗစ်
#နိုင်ငံရေးအခြေအနေ

Leave a Reply

Your email address will not be published. Required fields are marked *