ခမ်းသားငေါဝ်း

ဩဂုတ် ၂၈၊ ၂၀၂၄

ဟဲဟိုးမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဩဂုတ်လ (၂၇)ရက်တွင် မီးတပ်ဦးစီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့ မိုင်တိုင်အမှတ်(၉၇/၇) နှင့် (၉၈/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားနှစ်ဦးအနက် တစ်ဦးထိခိုက်ဒဏ်ရာရ (သေဆုံး)ပြီး ကျန်တစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရာတွင် ကလောမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဟဲဟိုးနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးအမျိုးသားနှင့် ဒဏ်ရာရသည့် အမျိုးသား နှစ်ဦးကို မြတ်စေတနာ နာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-မီးသတ်ဦးစီးဌာန
#မှုခင်း
#ကလောမြို့နယ်
#ဟဲဟိုး
#ယာဥ်တိမ်းမောက်မှု
#မီးသတ်စခန်း

Leave a Reply

Your email address will not be published. Required fields are marked *