ခမ်းသားငေါဝ်း

ဩဂုတ် ၂၈၊ ၂၀၂၄

ကရင်နီပြည်ရဲဌာန(KSP) ဖွဲ့စည်းခြင်း ၃ နှစ်အတွင်းရဲတပ်သား အင်အား ( ၁၀၀၀ ) ပြည့်ရန်မျော်မှန်းထားသော်လည်း ရဲအင်အား ၆၀၀ ကျော်သာရှိသေးတာကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသား ပြည်သူများ ပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း KSP သတင်းနှင့်ပြန်ကြား‌ရေးဌာနထံမှ သိရသည်။

လက်ရှိ ရဲဌာနမှာ အဖွဲ့ဝင်တွင်အနေဖြင့် အမျိုးသား ( ၄၅၈) နှင့် အမျိုးသမီး ( ၁၈၀) စုစုပေါင်း ၆၃၈ ဦးရှိနေပြီး အခြေခံ ရဲသင်တန်းကို အမှတ်စဥ်(၁)မှ (၈) ထိအပြင် ရဲအရာရှိသင်တန်း အမှတ်စဥ်(၁) ကို‌လည်း KSP က ဖွင့်လှစ်နိုင်ခဲ့သည်။

ထပ်မံဝင်ရောက်လာမည့် ရဲတပ်သား များကို မူလလုပ်ဆောင်ချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှု နှင့် လုံခြုံရေး စသည့်လုပ်ငန်းတွင်မှာ ပြန်လည်ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

KSP ဖွဲ့စည်းပြီးနောက် တစ်နှစ်ထက်တစ်နှစ် ရဲစခန်းများ၊ လုံခြုံရေးကင်းတွင်တိုးချဲ့ ဖွင့်လှစ်လာနိုင်ပြီး ရဲအင်အားတိုးလာတာကြောင့် လုပ်ဆောင်ချက်များ ပိုလုပ်ဆောင်လာနိုင်ခဲ့သည်ဟုဆိုသည်။

အရေးကြီးသည့်နေရာများတွင် အမှုအခင်းဖြစ်နိုင်ချေများသည့်နေရာမျိုးနှင့် လူစည်ကားသည့်နေရာမျိုးတွင်မှာလုံခြုံရေးအရ ရှောင်တခင် ဝင်ရောက်စစ်ဆေေး မှုများကင်းလှည့် ခြင်းများဆောင်ရွက်နေတာတွင်ရှိကြောင်းသိရသည်။

KSP အနေနှင့် ကရင်နီပြည်နယ်အတွင်းက အရေးကြီးသည့်နေရာများ မြို့ရွာလုံခြုံရေးတွင်တာဝန်ထမ်းဆောင်နိုင်ပြီး ဆက်လက်ကြိုးပမ်း စေလိုကြောင်းကို KSP ၃နှစ်ပြည့်အခမ်းအနားမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ပြောဆိုထားသည်။

အာဏာသိမ်းပြီးနောက် CDM ရဲများနှင့် ဖွဲ့စည်းထားသည့်ကရင်နီပြည်ရဲဌာန (KSP) ကို ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းထားတာဖြစ်ပြီး ၃နှစ်အတွင်း ရဲစခန်း ( ၁၄ ) ခု ၊ လုံခြုံရေး ရဲကင်း (၁၇)ခု ၊ မြို့နယ် ရဲဌာနရုံး ( ၅ ) ခုကို ဖွင့်လှစ်ဆောင်ရွက်ထားကြောင်းသိရသည်။

ဓာတ်ပုံ-အွန်လိုင်း
#PPV0012
#လှုံခြုံရေး
#ကရင်နီပြည်
#ရဲအင်အား
#KSP
#ရဲတပ်သား
#ရဲဌာန

Leave a Reply

Your email address will not be published. Required fields are marked *