ခမ်းသားငေါဝ်း
ဩဂုတ် ၂၈၊ ၂၀၂၄

စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကိုဒုတိယအကြိမ် ထပ်မံဖောက်ချခြင်းကြောင့် လယ်များပျက်စီးပြီး စစ်ဘေးရှောင်များ ရေလွှတ်ရာနေရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သြဂုတ်လ(၂၈)ရက်တွင်ဒေသခံထံမှ သိရသည်။

ရှမ်း–ကယားနယ်စပ် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကို ထပ်မံဖွင့်ချသည့်အတွက်လယ်ဧက ထောင်နှင့်ချီရေနစ်မြှပ်ပျက်စီးခဲ့သည့်အပြင် ဘီလူးချောင်းဘေးရှိ စစ်ရှောင်များရေလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“မိုးကလဲအဆက်မပြတ်ရွာ၊ စစ်တပ်ကထပ်ပြီးဆည်ရေပါဖွင့်ချ‌လိုက်တော့ ရေတွေတော်တော်တက်သွားတယ်၊ လယ်တော်တော်များများလည်းရေမြှပ်ကုန်ပြီ”ဟုဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့်သြဂုတ်လ(၂၃)ရက်ည(၁၁)နာရီခန့်တွင်စစ်ကောင်စီသည် ရေကာတာကိုဖွင့်ချပြီးမနက်၂ နာရီချိန်၌မိုးဗြဲမြို့အား စစ်ကြောင်းထိုးလာခဲ့သည်။

လက်ရှိတွင် ရေနစ်မြှပ်နေသည့် စစ်ရှောင်များအတွက်ဆန်၊ အမိုးအကာနှင့်သောက်သုံးရေများ အရေးပေါ်လိုအပ်နေကြောင်းသိရသည်။

ဓာတ်ပုံ-အွန်လိုင်း
#PPV0012
#လူ့အခွင့်အရေး
#ရှမ်းကယားနယ်စပ်
#မိုးဗွဲရကောတာ
#မိုးဗြဲမြို့
#ရေလွတ်ရာ

Leave a Reply

Your email address will not be published. Required fields are marked *