ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊ ၂၀၂၄

ခရမ်းချဥ်သီး တပိဿာကို ၃၀၀ ကျပ်ထိထိုးကျသွားသဖြင့် တောင်သူများအရှုံးများဖြင့်ရင်ဆိုင်နေရကြောင်း ခရမ်းချဥ်သီးစိုက်တောင်သူများထံမှ သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊နောင်တရား၊တီကျစ်ဒေသထွက်ခရမ်းချဥ်သီးများသည် ဇူလိုင်လ လလယ်လောက်တွင် တစ်ပိဿာအများဆုံး ၂၅၀၀ ကျပ်အထိရရှိသေးသော်လည်း ယခုတွင် တစ်ပိဿာ ၃၀၀ နှင့် ၄၀၀ ကြားသာ ရရှိနေသည့်အတွက် တောင်သူများအရှုံးဖြင့်ရင်ဆိုင်နေကြရကြောင်းသိရသည်။

“ခုဆို တစ်ပိဿာ၃၀၀၊၄၀၀ဘဲကျန်တယ်။ ဝယ်မယ့်သူတောင်မရှိဘူး။ ကုန်စည်အမျိုးမျိုးစျေးတက်နေတာ ကုန်စိမ်းကျတော့ စျေးလုံးဝမရဘူး”ဟု တီကျစ်ခရမ်းချည်သီးစိုက် တောင်သူတစ်ဦးကပြောသည်။

ထို့အပြင် ယခုနှစ်သည် မိုးများခြင်းကြောင့် ခရမ်းချည်သီးပင်မှိုကျခြင်း၊ အပင်ညိုးသွားခြင်းများနှင့်ကြုံနေရသည့်အပြင် ရေမြုပ်ခြင်းတို့ကြောင်း ခရမ်းချည်သီး ​ခြံများစွာလည်း ပျက်စီးခဲ့ရသေးကြောင်းသိရသည််။

“ခရမ်းချဉ်သီးစျေးအရမ်းကျတော့ တစ်ချို့ဆို ခူးတောင်မခူးတော့ဘူး။ ကားခတောင်ပြန်မရဘူးလေ စိုက်လို့ဘယ်လိုပျော်တော့မလဲ။ ပြီးရင် အသီးမသီးသေးတဲ့ခြံဆိုလည်း ရေတွေမြုပ်ကုန်တာ အပင်တွေသေသွားကြတယ်”ဟု၄င်းကဆက်ပြောသည်။

ပင်လောင်း၊နောင်တရား၊တီကျစ်ဖက်ထွက် ခရမ်းချဥ်သီးကိုအောင်ပန်းမြို့သို့ အဓိကတင်ပို့ရောင်းချကြပြီးအောင်​ပန်းကနေမှ ရန်ကုန်၊မန္တလေး ၊မြဝတီ၊မူဆယ်ဖက်များသို့ အဓိကတင်ပို့ပြီး ယခုတွင်တိုက်ပွဲအခြေအနေများကြောင့် လမ်းများပိတ်နေပြီး စျေးကျနေရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ-အွန်လိုင်း
#PPV005
#လူ့အခွင့်အရေး
#စိုက်ပျိုးရေး
#ခရမ်းချဥ်သီး
#ပင်လောင်း
#နောတရား
#တီကျစ်

Leave a Reply

Your email address will not be published. Required fields are marked *