ခမ်းသားငေါဝ်း

ဩဂုတ် ၂၇၊ ၂၀၂၄

ပင်လောင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်စခန်းရှိ တဲအချို့ ရေနှစ်မြှုပ်ပြီး စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရသောကြောင့် အခက်အခဲများကြုံတွေ့နေရသည်ဟု ဩဂုတ်လ(၂၇)ရက်နေ့တွင် စစ်ဘေးရှောင်ထံက သိရသည်။

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ဆောင်းခါး-နန်းထာရွာမြေနိမ့်ပိုင်းရှိ စစ်ရှောင်စခန်းမှ တဲအချို့တွင် ယခုတပတ်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေနှစ်မြှုပ်သွားပြီး စစ်ရှောင်များအခက်အခဲကြုံတွေ့နေရသည်။

“အခုတလောမိုးရွာတာအရမ်းများတယ်၊ စစ်ရှောင်စခန်းမှာ တဲအချို့ရေနှစ်မြှုပ်တာတွေရှိတယ် သူတို့ကထပ်မံပြီးရှောင်နေရတယ်၊ အခက်အခဲဖြစ်နေကြတော့ အကူအညီလည်းလိုအပ်တာပေါ့” ဟုစစ်ဘေးရှောင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ဘေးရှောင်တဲများရေမြှုပ်ရသည့်အပြင် ဒေသခံများ၏ ပြောင်းခြံများ၊ စိုက်ခင်းများလည်း နှစ်မြှုပ်ခဲ့ရကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် ယခုနှစ်၌ မိုးများနေပြီး မြေပြိုခြင်း၊ ရေကြီးခြင်းတို့ကြောင့် လမ်းများပျက်ဆီးကာ သွားလာရန်အခက်အခက်အခဲများ ကြုံတွေ့ရခြင်းများရှိနေသလို ရေကြီးခြင်းကြောင့် သီးနှံစိုက်ခင်းပျက်စီးခြင်းများ စစ်ဘေးရှောင်တဲများရေမြုပ်ခြင်းတို့ကြုံတွေ့နေရကြောင်း ဒေသခံများကဆိုကြသည်။
#PPV007
#သဘာဝဘေး
#ပင်လောင်း
#စစ်ဘေးရှောင်စခန်း
#မိုးအဆက်မပြက်ရွာသွန်း
#ရေနစ်မြုပ်
#ဆောင်းခါး
#နန်းထာ

Leave a Reply

Your email address will not be published. Required fields are marked *