ခမ်းသားငေါဝ်း

ဩဂုတ် ၂၆၊ ၂၀၂၄

သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိကြောင်း ဩဂုတ် ၂၆ တွင်အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer ၃ လုံး၊ ဆက်သွယ်ရေးစက် ၁ ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း၊ တော် လှန်ရေးရဲဘော် ရဲဘော် ၄ ဦး ကျဆုံးခဲ့ရကြောင်း ဆိုထားသည်။

သပိတ်ကျင်းမြို့ရှိ သနတ-၁၊ စခတ-၂၊ တတက-၁၃၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁၊ ၂ ၊ အမှတ် ၅၀၉၊ ၅၁၀၊ ၅၁၂ တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တ လေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် ၁ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၂၅ ရက်နေ့တွင်အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဆိုသည်။

သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩ ဂုတ်လ ၁၉ ရက်နေ့တွင် မြို့အား တိုက်ခိုက် သိမ်းပိုက်နိုင်သော်လည်း စစ်ကောင် စီအဖွဲ့ဝင်များ မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်၊၊

သပိတ်ကျင်းတိုက်ပွဲတွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး ၇၀ ကျော် ၊ Y-12 ဖြင့် ဗုံး ၁၅၀ ကျော် ကျဲချတိုက်ခိုက်သည့်အပြင် Mi-35 ၂ စီးဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

PPV001
ဓာတ်ပုံ-အမှတ် ၁ စစ်ဒေသ
#စစ်ပွဲ
#မြို့သိမ်းတိုက်ပွဲ
#မန္တလေးတိုင်း
#ပြင်ဦးလွင်ခရိုင်
#သပိတ်ကျင်းမြို့
#လက်နက်ခဲယမ်း

Leave a Reply

Your email address will not be published. Required fields are marked *