ခမ်းသားငေါဝ်း

ဩဂုတ် ၁၅၊ ၂၀၂၄

လားရှိုးမြို့တွင် ဩဂုတ်လ ၃ ရက်နေ့မှစတင်ကာ လွတ်မြောက်ရေးရရှိခဲ့ပြီဖြစ်သည့်အတွက် ခိုးယူခံထားရသည့် ကား၊ ဆိုင်ကယ်အား ယာဉ်ပိုင်ဆိုင်သတ်သေလက်မှတ်နှင့်အတူ အမြန်ဆုံးလာယူရန်ဖိတ်ခေါ်ကြောင်း MNDAA ကဩဂုတ် ၂၄ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ပွဲအတွင်း အချို့သောရာဇဝတ်ကောင်များသည် အခွင့်ကောင်းယူပြီး မော်တော်ယာဉ်များနှင့် ပုဂ္ဂလိကပိုင်အိမ်တွင်းပစ္စည်းများ ခိုယူမှုရှိရာ ယခုလွတ်မြောက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ (၁)ရဲတပ်ဖွဲ့မှ ခိုးယူသည့် ပစ္စည်းများအား အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီး ခိုးယူခံရသည့် ကား၊ ဆိုင်ကယ်အချို့အား ပြန်လှည်ရရှိခဲ့သည့်အတွက် လားရှို့မြို့ ရပ်ကွက် ၁၂ အားကစားကွင်းတွင် လာယူရန်ဖိတ်ခေါ်ထားသည်။

မူလပိုင်ရှင်ထံ ပြန်လှည်ပေးအပ်ကြောင်း သေချာစေရေးအတွက် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုရှိသောနည်းလမ်းဖြင့် မော်တော်ယာဉ်ပြန်လှည်ပေးအပ်မှု ကိစ္စအလုံးစုံကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်သည့်အတွက် ပိုင်ရှင်များက သက်ဆိုင်ရာ တရားဝင်သက်သေခံ အထောက်အတားများ၊ ယာဉ်ဝယ်ယူမှု လက်မှတ်များနှင့် ယာဉ်ပိုင်ဆိုင်မှု သက်သေခံလက်မှတ်များ ယူဆောင်လာပြီး ယာဉ်များလာယူနိုင်ကြောင်း အသိပေးထုတ်ပြန်ချက်အရ သိရသည်။

လားရှိုးမြို့သည် လုံးဝလွတ်မြောက်ရေးရရှိပြီဖြစ်သည့်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ (၁) လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်းထားပြီး လားရှိုးမြို့၏လူထုလှုံခြုံရေး ဝန်းကျင်ပိုမိုကောင်းမွန်လာစေရန်၊ မြို့ပြတည်ငြိမ်အေးချမ်းရေးနှင့် တရားမဝင်မှုခင်းနိုမ်နင်းရေးလုပ်းငန်းများကို ပြန်ထောင်စုမြန်မာနိုင်ငံအထူးဒေသ(၁) ရဲတပ်စခန်းမှ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

PPV001
#မှုခင်း
#လားရှိုးမြို့
#ခိုးယူခံထားရသည့်မော်တော်ယာဉ်
#ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ(၁)
#လားရှိုးဧရိယာ
#စစ်ရေးအုပ်ချုပ်မှုကော်မတီ
#MNDAA

Leave a Reply

Your email address will not be published. Required fields are marked *