ခမ်သားငေါဝ်း

ဩဂုတ် ၂၆၊ ၂၀၂၄

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းဂူအတွင်းရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဩဂုတ် ၂၆ ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ ဂူအတွင်းရှိချောင်းရေများမြှင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းကမိုးတော်တော်ရွာလို့ ဂူအတွင်းမှာရှိတဲ့ချောင်းရေနဲ့တောင်ကျရေတွေ ရောပါလာတော့ရေတက်လာတာပေါ့၊ သွားလို့တော့ရတယ် အဆုံးထိတော့မရတော့ဘူးပေါ့” ဟုဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ဟိုပုံးထမ်းစမ်းဂူသွားလမ်းအနီးတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဩဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်နေသူအများပြားရှိပြီး၊ တစ်ချိူ့ဒေသတွင် စိုက်ပျိူးရေးဧကများပျက်စီးခြင်း၊ မြေပြိုခြင်းလမ်းတံတားများ ပျက်စီးခြင်းတို့နှင့်ကြုံတွေ့နေကြရသည်။

#PPV0012
#Photo – Online
#သဘာဝဘေး
#ဟိုပုံးမြို့
#ထမ်းစမ်းဂူ
#ရေကြီးရေလျှ့မှုဖြစ်
#မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
#တောင်ကျရ

Leave a Reply

Your email address will not be published. Required fields are marked *